Pages

Sunday, January 25, 2015

ဆေးဝါးထုတ်လုပ်ရေး နှင့် အဆိပ်ရှိ မှို










ဆေးဝါးထုတ်လုပ်ရေး နှင့် အဆိပ်ရှိ မှို

စိန်ဝင်းနွယ်

အဆိပ်ရှိမှို အချို့တွင် အရေးကြီး ရောဂါအချို့ကို ကုသပေး နိုင်မည့် လျှို့ဝှက် အစွမ်းသတ္တိများ ရှိသည်။ သုတေသီ များက ရောဂါ အချို့ကို ဘေးထွက် ဆိုးကျိုးမရှိဘဲ ကုသ ပေးနိုင်သည့် ဆေးဝါးများ ထုတ်လုပ်ရေးတွင် အထောက်အပံ့ ပြုနိုင်သော မှိုအချို့ကို ရှာဖွေ ဖော်ထုတ် တွေ့ရှိထားပြီ ဖြစ်သည်။

ယင်းမှိုများတွင် POPB ဟုခေါ်သော အင်ဇိုင်းတစ်မျိုး ပါရှိပြီး ထို အင်ဇိုင်းက ယင်းမှိုများ၏ မော်လီကျူး များကို ဖန်တီးပေးသည်။ ထို မော်လီကျူး များသည် စွမ်းရည် ထက်မြက်သော ဒုံးကျည်တစ်စင်း ကဲ့သို့ လူ့အသည်း၏ အားနည်းချက် ရှိသော နေရာကို တိုက်ရိုက် ထိမှန်၍ အကျိုး သက်ရောက်မှု ရှိစေမည် ဖြစ်သည်။

ဤ တွေ့ရှိချက် များက ရည်ရွယ်ချက် တစ်ခုအတွက် ထုတ်လုပ်သော၊ ဘေးထွက် ဆိုးကျိုး မရှိသော ဆေးဝါးများ ထွက်ပေါ် လာရေးကို ဦးတည်သွား နိုင်သည်ဟု အမေရိကန် ပြည်ထောင်စု မက်ချီဂန်စတိတ် တက္ကသိုလ်မှ အပင်ဇီဝဗေဒ ပါမောက္ခ ဂျွန်နသန် ဝဲလ်တန် က ပြောသည်။

ထို သုတေသန အဖွဲ့က ယင်း အင်ဇိုင်းသည် ပက်ပ်တိုက်ဒ် ဓာတုပစ္စည်း စက်ဝန်း ( Cyclic peptides ) အဖြစ် သိရှိထားကြသော ဓာတု ကွန်ပေါင်းများ ထုတ်လုပ်မှုတွင် မည်သို့ ပါဝင်သည်ကို ဖော်ထုတ် နိုင်ခဲ့ပြီး ထွက်ပေါ် လာသည့် စိတ်ကြိုက် မော်လီကျူးများကို ဆေးဝါးသစ်များ ဖန်တီးရေး အတွက် ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ များက အသုံးပြု ကြမည် ဖြစ်သည်။

''မှိုများဟာ ဓာတု ပစ္စည်းများ လှိုင်လှိုင် ထွက်တဲ့ ဓာတုစက်ရုံ တွေပါ။ ဒါပေမဲ့ အဲဒီမှို အနည်းငယ်ရဲ့ ပက်ပ်တိုက်ဒ် ဓာတုပစ္စည်း အနည်းငယ် ကသာ အဆိပ် ဖြစ်စေတာပါ'' ဟု ဝဲလ်တန် က ထပ်မံ ဖြည့်စွက် ပြောသည်။

၎င်းက ဆက်လက်၍ ဤ အဆိပ်အတောက် များသည် အပူချိန်မြင့် ချက်ပြုတ်ခြင်း နှင့် အက်စစ်များ၏ ချေဖျက်ခြင်းကို ခံနိုင်ရည် ရှိကြောင်း၊ သို့ရာတွင် ခန္ဓာကိုယ်တွင်း လှည့်ပတ် နေသော သွေးများက ၄င်းကို လျင်မြန် လွယ်ကူစွာ စုပ်ယူနိုင်ပြီး သတ်မှတ် နေရာသို့ တိုက်ရိုက် ရောက်ရှိ စေနိုင်ကြောင်း၊ ဤသည် တို့မှာ ထိရောက်သော ဆေးစွမ်းကောင်း ဖြစ်ရေးအတွက် လိုအပ်သည့် တိကျသော အရည်အချင်းများ ဖြစ်ကြောင်း ပြောသည်။

POPB အင်ဇိုင်းက ထို အဆိပ်အတောက် များကို ကနဦး အတန်းလိုက် ပုံစံမှ စက်ဝန်းကဲ့သို့ လည်နေသော ပက်ပ်တိုက်ဒ် ဓာတုပစ္စည်း များအဖြစ် ပြောင်းလဲ ပေးလိုက်၏။ ယင်း အခြေအနေက ခံတပ်ကြီး တစ်ခုအသွင် ဖြစ်သွားပြီး အမိုင်နို အက်စစ် ရှစ်မျိုး ပါဝင်သော မော်လီကျူး စက်ဝန်းများ ဖြစ်သွား ကြသည်။

POPB အင်ဇိုင်း၏ ထို ထူးခြားသော ဂုဏ်သတ္တိများကို အသုံးပြုလျက် သိပ္ပံ ပညာရှင်များက ဘီလီယံနှင့် ချီသော မော်လီကျူး အမျိုးမျိုးကို ဖန်တီးသွားမည် ဖြစ်သည်။ ထို မော်လီကျူး များကို ဘက်တီးရီးယား ကြောင့်ဖြစ်သော ရောဂါများနှင့် ကင်ဆာများ ကဲ့သို့သော ရောဂါများ ကုသရန်  အတွက် ဆေးဝါးများ ထုတ်လုပ်ရေး စမ်းသပ်မှုများ ဆောင်ရွက် သွားမည်ဟု သုတေသီများက ဆိုသည်။

ထို လေ့လာမှု အတွက် သိပ္ပံပညာရှင် များသည် Amanita ဟုခေါ်သော မှိုမျိုးစိတ်ကို လေ့လာ ခဲ့ကြသည်။ လေ့လာ တွေ့ရှိမှု အခြေအနေကို Chemistry and Biology ဂျာနယ်တွင် ဖော်ပြထားချက် အပေါ် ရှာဖွေတင်ပြ လိုက်ရပါသည်။

https://www.youtube.com/watch?v=IjmR8XRLAf0
https://www.youtube.com/watch?v=srvrUuKsclQ
https://www.youtube.com/watch?v=jQZaSWtn40I

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment