Pages

Wednesday, January 21, 2015

IQ ကောင်းသော သားသမီးများ ပေါ်ထွန်းစေရန်


IQ ကောင်းသော သားသမီးများ ပေါ်ထွန်းစေရန်

အိုင်ကျူ (IQ) ဆိုသည်မှာ Intellgent Quotient ဖြစ်ပြီး လူတစ်ဦး တစ်ယောက် ၊ ကလေး တစ်ဦး တစ်ယောက်၏ ဉာဏ်ရည် ဉာဏ်သွေး ဟု ခေါ်သည်။ ဉာဏ်ရည် ဉာဏ်သွေး ဟု ဆိုရာ၌ သူ့အရွယ် နှင့်သူ စဉ်းစားဉာဏ် ရှိရမည် ဖြစ်သည်။

ယေဘုယျအားဖြင့် ကလေးငယ်တို့၏ ဉာဏ်ရည် ဉာဏ်သွေး သည် အနည်းဆုံး ၉၀ နှင့် ၁၀၀ အတွင်း ရှိရမည် ဖြစ်ပြီး IQ အလွန်မြင့်လျှင် ၁၃၀ နှင့် အထက်ရှိနိုင်သည်။ IQ ၅၀ နှင့် ၇၀ ကြား ရှိနေလျှင် စာသင်ရန် အသိဉာဏ် နည်းပါးမည် ဖြစ်သည်။ IQ ၅၀ အောက် ရှိနေလျှင် စာသင်၍ ရနိုင်မည် မဟုတ်ပေ။

IQ ကို စမ်းသပ်နည်း မျိုးစုံ ရှိသည့်အနက် ကလေးငယ်ကို ကလေးအရွယ် နှင့် အသိဉာဏ် ထက်မြက်မှု ရှိ - မရှိ လူရုပ် ဆွဲခိုင်းကြည့် ပါက သူ့အရွယ် နှင့်သူ လိုက်ဖက် ညီထွေ ဦးခေါင်း ၊ မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ် ၊ နားရွက် ၊ လက် ၊ ခန္ဓာကိုယ် ၊ ခြေထောက် စသည်တို့ မှန်ကန်အောင် ရေးဆွဲနိုင် ရမည် ဖြစ်သည်။

မိမိတို့ သားသမီး ကလေးငယ်များ ဉာဏ်ရည်ကောင်းပြီး ခန္ဓာကိုယ် ကြီးထွား သန်စွမ်းစေရန် ကိုယ်ဝန်ဆောင် မိခင်တိုင်း တို့၏ အနေအထိုင် ၊ အစားအသောက် ၊ ကျန်းမာမှု အပေါ်တွင် များစွာ တည်မှီနေသည်။ ကိုယ်ဝန်ဆောင် မိခင်သည် သန္ဓေသား တည်စ ကတည်းက စ၍ ဆရာဝန် ၊ ကျန်းမာရေးဌာန ၊ သားဖွား ဆရာမများနှင့် သွားရောက် ပြသရမည် ဖြစ်သည်။

မိမိကလေး ဉာဏ်ရည် ဉာဏ်သွေး ကောင်းစေရန် မိခင်သည် ကလေး မမွေးခင် နှင့် မွေးပြီးအထိ မိမိရင်သွေးကို စိတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာ သန်စွမ်းစေရန် ပြုစုတတ်ဖို့ လိုပေသည်။ သို့မှသာ ဉာဏ်ရည် ဉာဏ်သွေး ကောင်းမွန်သော သားသမီး ရတနာများ ပေါ်ထွန်း လာမည် ဖြစ်သည်။

ဘယ်သူမပြု မိမိမှု ဟု ဆိုသကဲ့သို့ အသက် ၁၈ နှစ်အောက် နှင့် အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန် ဆောင်လျှင် မိခင်၏ ကျန်းမာရေးကို အထူးဂရုစိုက်ရမည် ဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် ဖျားနာခြင်း ၊ နှာစေး ၊ ချောင်းဆိုးခြင်း ၊ ၀က်သက် ပေါက်လျှင် ကလေးတွင် ၀မ်းတွင်းပါ နှလုံးရောဂါ ၊ အခြား ကိုယ်အင်္ဂါ ချို့တဲ့ရောဂါ တို့ ရနိုင်သောကြောင့် ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေး ကောင်းမွန်ရန် အထူး အရေးကြီးသည်။

သို့ဖြစ်ရာ အရွယ်ရောက်သူ အမျိုးသမီး ငယ်တိုင်းနှင့် ကိုယ်ဝန်ဆောင် မိခင်တိုင်း တို့အနေဖြင့် ကျန်းမာသန်စွမ်းရန် ကျန်းမာရေး ကို လေ့လာ၍ လက်တွေ့ ကျင့်သုံး ကြရမည် ဖြစ်သည်။ အရွယ် အတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း ၊ အရွယ်လွန် ကိုယ်ဝန်ဆောင်ခြင်း တို့ကို ရှောင်ကြဉ် ရမည် ဖြစ်သည်။ သို့မှသာ ကျန်းမာသော မိခင် နှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်သော IQ ကောင်းသော သားကောင်း ရတနာ ၊ သမီးကောင်း ရတနာများ ပေါ်ထွန်း လာမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment