Pages

Thursday, January 1, 2015

ကျောက်ဖြူရေနက်ဆိပ်ကမ်း ကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရားဝင် ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁-၁-၂၀၁၅

၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၃ဝ ရက် တွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကို တရားဝင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မရှင် အဖွဲ့ဝင်များ နှင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် လေ့လာ စောင့်ကြည့်ရေး အဖွဲ့ဝင်များ ပါဝင်သော ရေနက်ဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းပိုင်း ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲတွင် စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိ သူများက ဇန်နဝါရီ ၃ဝ ရက်တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကို တရားဝင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကို တည်ဆောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ အရှေ့ အလယ်ပိုင်း ဒေသရှိ ရေနံ ထုတ်လုပ်သည့် ကုမ္ပဏီ များမှ ရေနံစိမ်းများ တင်ဆောင် လာသည့် သင်္ဘောများ ဆိုက်ကပ်၍
ရေနံစိမ်းများကို သင်္ဘောပေါ်မှ ချယူကာ ဆိပ်ကမ်းပေါ်၌ တည်ဆောက် ထားသည့် ရေနံ သိုလှောင်ကန်ကြီးများ အတွင်း ခေတ္တသိုလှောင်ရန် နှင့် ၄င်း ရေနံစိမ်းများကို ပိုက်လိုင်းဖြင့် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့အထိမောင်းနှင် ပို့ဆောင်ရန် တည်ဆောက် ထားခြင်းဖြစ်သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း သည် ၂ ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ အတွက် အရေးပါသည့် ရေနက်ဆိပ်ကမ်း တစ်ခုဖြစ်လာရန် ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၏ သုံးသပ် ပြောကြားချက် အရ သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment