Pages

Thursday, January 8, 2015

နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ရောက်သည့် လေဆိပ်အားလုံးကို အဆင့်မြှင့်တင် သွားမည်



ရန်ကုန် ၊ ၈-၁-၂ဝ၁၅

နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက် သည့် လေဆိပ် အားလုံးကို အဆင့်မြှင့်တင် ခြင်း လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန လေယာဉ်ကွင်း စံချိန်စံညွှန်း နှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဌာနခွဲ (ASSD) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် စတင် လုပ်ဆောင်နေပြီး ယခုနှစ် အတွင်း သံတွဲ ၊ ဟဲဟိုး ၊ လွိုင်ကော် နှင့် ပုဂံ - ညောင်ဦး လေဆိပ် စီမံကိန်းများကို အပြီးသတ်မည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကျောက်ဖြူ၊ စစ်တွေ၊ ပူတာအို နှင့် မြစ်ကြီးနား လေဆိပ် စီမံကိန်းများကို လာမည့် ဘဏ္ဍာနှစ်တွင် ထပ်မံ အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပုဂံ - ညောင်ဦး၊ ဟဲဟိုးနှင့် သံတွဲလေဆိပ် များကို အဆင့် မြှင့်တင်ခြင်း၊ ၂၄ နာရီဝန်ဆောင်မှု ပေးနိုင်ရန် နှင့် စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမို ကောင်းမွန်ရန် လုပ်ဆောင် နေကြောင်း သိရသည်။

ထို့အပြင် လေဆိပ် တည်ဆောက်ရေး လုပ်ငန်းများကို နောင်တွင် ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း လေယာဉ်ကွင်း စီမံကိန်းများ ကို ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် များနှင့် ပူးပေါင်း ဆောင်ရွက် သကဲ့သို့ နိုင်ငံတကာ လေယာဉ်ကွင်းများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် အသစ် တည်ဆောက်မည့် ဟံသာဝတီ လေဆိပ် စီမံကိန်းများ ကိုလည်း နိုင်ငံတကာ နှင့် ပူးပေါင်း တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment