Pages

Friday, January 2, 2015

ငလျင်တိုင်းတာရေး စက်များကို မြို့ကြီးငါးမြို့၌ တစ်လအတွင်း တပ်ဆင်သွားမည်


ရန်ကုန် ၊ ၂-၁-၂၀၁၅

အမေရိကန် ပြည်ထောင်စုရှိ USAID မှ လှူဒါန်းသော ငလျင် တိုင်းတာရေး စက်များ ယခုအပတ် အတွင်း ရောက်ရှိ လာမည်ဖြစ်ရာ မြို့ကြီးငါးမြို့ ၌ တစ်လအတွင်း တပ်ဆင်သွားမည် ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေး ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါစက်များကို USAID မှ မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ပထမပတ် အတွင်း ရောက်ရှိလာမည် ဖြစ်ရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဟားခါး နှင့် တမူးမြို့ တို့၌ တစ်လအတွင်း တိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငလျင် တိုင်းတာရေး စက်များတိုးချဲ့ တပ်ဆင်ခြင်း အားဖြင့် ငလျင်ဖြစ်နိုင်ခြေ ရှိသည့် အချက်အလက် များကို လျင်မြန် တိကျစွာ ပေးပို့နိုင် သကဲ့သို့ ငလျင်လှိုင်း နှင့် ပြင်းအားများကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန် ပေးနိုင်မည် ဖြစ်ကြောင်း၊ ငလျင် နှင့်ပတ်သက်၍ ယခင်ထက် ပိုမို လျင်မြန်စွာ တိုင်းတာသိရှိ နိုင်မည် ဖြစ်သောကြောင့် လိုအပ်ချက် ရှိသော မြို့များ၌ တပ်ဆင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment