Pages

Monday, January 26, 2015

ချင်းချောင်းနန်းတော် အား ယဉ်ကျေးမှုဗဟိုစင်တာ အဖြစ် ဖွင့်လှစ်မည်


ချင်းချောင်းနန်းတော်

ရန်ကုန် ၊ ၂၆-၁-၂၀၁၅

ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ အနုပညာ သင်တန်းကျောင်း ဖွင့်လှစ် ထားသော ချင်းချောင်းနန်းတော် ကို မြန်မာ့ ယဉ်ကျေးမှု အနုပညာ လက်မှုပညာ ဆိုင်ခန်း၊ ပြခန်းများ နှင့် ဖျော်ဖြေပွဲများ ပြုလုပ်သည့် ယဉ်ကျေးမှု ဗဟိုစင်တာ အဖြစ် ပြောင်းလဲ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

အထပ်ငါးထပ် ပါရှိသော အဆိုပါ အဆောက်အအုံကို ယဉ်ကျေးမှု ဗဟိုစင်တာ အဖြစ် ပြောင်းလဲ၍ မြန်မာ့ ယဉ်ကျေးမှု အနုပညာ ဆိုင်ခန်း၊ ပြခန်း၊ အနုပညာကပွဲ၊ ပြပွဲ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ရုပ်သေးပြပွဲ များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း အဆောက်အအုံ ကို လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ရှေးဟောင်း အဆောက်အအုံ အဖြစ် ထိန်းသိမ်းထားပြီး အနုပညာ သင်တန်းကျောင်း ဖွင့်လှစ် ထားရှိရာ ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်၍ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရန် ယဉ်ကျေးမှု စင်တာအဖြစ် ပြောင်းလဲ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံ အား ၁၉၁၅ ခုနှစ်တွင် တရုတ်လူမျိုး ချင်းချောင်း ဆိုသူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ရူပီးငွေ နှစ်သန်းဖြင့် ဆောက်လုပ်ခဲ့ပြီး ဂျပန်ခေတ်က မြန်မာနိုင်ငံလုံး ဆိုင်ရာ အသံလွှင့်ရုံ အဖြစ် ဖွင့်လှစ်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ကမ္ဘောဇ ရိပ်သာ ဖြစ်လာခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ လမ်းစဉ်လူငယ် စည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ် အဖြစ် ဖွင့်လှစ်ခဲ့ကာ နောက်ပိုင်းတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထိန်းသိမ်း ထားရှိ ခဲ့ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment