Pages

Monday, January 26, 2015

တောဆင်ရိုင်းများကို လက်တွေ့အသုံးချ စီမံချက် Action Plan ရေးဆွဲပြီး ထိရောက်စွာ ကာကွယ်မည်


မြန်မာနိုင်ငံရှိ တောဆင်ရိုင်းများ

ရန်ကုန် ၊ ၂၆-၁-၂ဝ၁၅

မြန်မာ့ တောဆင်ရိုင်း ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် Action Plan ရေးဆွဲ အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။

အရှေ့ တောင် အာရှတွင် တောဆင်ရိုင်း အကောင် အရေအတွက် အများဆုံး ကျန်ရှိ နေသေးသည့် မြန်မာနိုင်ငံ အနေဖြင့် တောဆင်ရိုင်း ထိန်းသိမ်းရေး လုပ်ငန်းများကို ရှေးမြန်မာ မင်းများ လက်ထက် ကတည်းက စတင် ဆောင်ရွက် ခဲ့ကြသော်လည်း ဆင်စားကျက် မြေများ ကျဉ်းမြောင်း လာခြင်း၊ တရားမဝင် အမဲလိုက် သတ်ဖြတ်ခြင်း များကြောင့် ဆင်ကောင်ရေများ လျော့နည်း လာသဖြင့် Action Plan ရေးဆွဲ၍ တောဆင်ရိုင်းများ ကို ကာကွယ်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောရိုင်း တိရစ္ဆာ န်များ နှင့် သဘာဝသစ်တော အပင်များ ကာကွယ်ရန် သဘာဝနယ်မြေ များကို မြန်မာ့ သစ်တော မူဝါဒဖြင့် ရေတိုတွင် နိုင်ငံ ဧရိယာ၏ ၅ ရာခိုင်နှုန်းနှင့် ရေရှည်တွင် ၁ဝ ရာခိုင်နှုန်း အထိ တည်ထောင် ထားရန် ချမှတ်ထားပြီး လက်ရှိတွင် သဘာဝ နယ်မြေ နေရာပေါင်း ၃၉ နေရာ (နိုင်ငံဧရိယာ၏ ၅ ဒသမ ၇၅ ရာခိုင်နှုန်းခန့်) တည်ထောင် ထားပြီ ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသည် နိုင်ငံတကာ ဆင်ထိန်းသိမ်းရေး အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ၁၉၉၅ ခုနှစ်တွင် ဆင်အရေအတွက် စာရင်းများ ကောက်ယူခဲ့ခြင်း နှင့် ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောများ တည်ထောင်ခြင်းကို ဆောင်ရွက် ခဲ့သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ ၏ အစီရင်ခံစာများ အရ ၁၉၇၉ ခုနှစ်က မြန်မာနိုင်ငံ၌ ဆင် အကောင်ရေ ၆ဝဝဝ ခန့် ရှိခဲ့သော်လည်း လက်ရှိတွင် တောဆင်ရိုင်း ကောင်ရေ ၃ဝဝဝ ခန့်သာ ကျန်ရှိပြီး သစ်တောဦးစီး ဌာနတွင် မှတ်ပုံတင် ထားသည့် ပုဂ္ဂလိက အိမ်မွေးဆင် စုစုပေါင်းမှာ အကောင်ရေ ၄၆၄၉ ကောင် ရှိကြောင်း သိရသည်။

ထို့ကြောင့် ဆင် ထိန်းသိမ်းရေး လက်တွေ့ အသုံးချသည့် စီမံချက် တစ်ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံတကာ ဆင်ထိန်းသိမ်းရေး အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှု ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောဆင်ရိုင်းများ ထိန်းသိမ်းရေး နည်းဗျူဟာ၊ အုပ်ချုပ်မှု စီမံချက်များ ချမှတ်ခြင်းနှင့် ခေတ်မီ နည်းပညာများ အသုံးချကာ တောဆင်ရိုင်း ပျံ့နှံ့ ကျက်စားမှုကို တိုင်းတာ စစ်ဆေးနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အေဒီမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment