Pages

Thursday, January 8, 2015

မွန် ၊ ကရင် နှင့် ရှမ်းပြည်နယ်တို့ရှိ ဈေးကြီးများတွင် ရွေ့လျားဓာတ်ခွဲခန်းဖြင့် လှည့်လည် စစ်ဆေးမည်


ရန်ကုန် ၊ ၈-၁-၂၀၁၅

၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့ရှိ ဈေးကြီးများတွင် FDA မှ ရွေ့လျား ဓာတ်ခွဲခန်းဖြင့် လှည့်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း Food and Drug Administration (FDA) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

FDA မှ ဦးဆောင်၍ ကူးသန်း ရောင်းဝယ်ရေး နှင့် စားသုံးသူ ရေးရာ ဦးစီးဌာန၊ စည်ပင် သာယာရေး ကော်မတီ ဈေးများဌာန နှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလ များတွင် ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူး နှင့် နေပြည်တော် တို့ရှိ ဈေးများ အတွင်း အစားအသောက် များမှ အမှတ်တံဆိပ် မပါရှိသော အစားအသောက် ၂၃၅ဝ မျိုးနှင့် အမှတ်တံဆိပ် ပါရှိသော အစားအသောက် ၂၁၁ မျိုး ၊ စုစုပေါင်း ၂၅၆၁ မျိုးတို့ကို ရွေ့လျား ဓာတ်ခွဲခန်းဖြင့် လှည့်လည် စစ်ဆေးခဲ့ရာ စားသုံးရန် မသင့်သည့် အစားအသောက် ၂၈ မျိုး စစ်ဆေးတွေ့ရှိ ခဲ့သည်။

အဆိုပါ စားသုံးရန် မသင့်သည့် အမျိုးအစား ၂၈ မျိုးတွင် ငါးပိ၊ ရှမ်းချဉ်၊ မုန်ညင်းချဉ်၊ မျှစ်ပြုတ်၊ ခေါက်ဆွဲခြောက်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ငရုတ်သီး အလှော်မှုန့်များ ပါဝင်ပြီး ငါးပိ၊ မျှစ် နှင့် အရောင်တင်မှုန့် များတွင် ခွင့်မပြုသော ဆိုးဆေးနှင့် ချွတ်ဆေးများ အဓိက ပါဝင်နေသည်ကို စစ်ဆေး တွေ့ရှိရသည်။

ထို့အပြင် ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဈေးကြီးများ၌ ရွေ့လျား ဓာတ်ခွဲခန်းဖြင့် စစ်ဆေးခဲ့ပြီး ရရှိသော ရလဒ်များအား မကြာမီ ထုတ်ပြန် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment