Pages

Sunday, January 25, 2015

သန္တာကျောက်တန်းများနှင့် ရေသတ္တ၀ါမျိုးစိတ် များကို အမေရိကန် အခြေစိုက် နိုင်ငံတကာ တိရစ္ဆာန် နှင့် အပင်ထိန်းသိမ်းရေး အဖွဲ့က ထိန်းသိမ်း စောင့်ရှောက်ပေးရန် စီစဉ်


အဏ္ဏဝါဗေဒ ဘေးမဲ့ဇုန် အဖြစ် သတ်မှတ်မည့် မြိတ်ကျွန်းစု

ရန်ကုန် ၊ ၂၅-၁-၂၀၁၅

တနင်္သာရီ ကမ်းရိုးတန်းရှိ သန္တာ ကျောက်တန်း များနှင့် ရေသတ္တဝါ မျိုးစိတ်များကို အမေရိကန် အခြေစိုက် နိုင်ငံတကာ တိရစ္ဆာန် နှင့် အပင် ထိန်းသိမ်းရေး အဖွဲ့က ထိန်းသိမ်း စောင့်ရှောက် ပေးရန် စီစဉ်ခဲ့ကြောင်း သိရသည်။

အမေရိကန် အခြေစိုက် နိုင်ငံတကာ တိရ စ္ဆာန် နှင့် အပင် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာ) လုပ်ငန်း အစီအစဉ်မှ အပြည်ပြည် ဆိုင်ရာ ပညာရှင် မစ္စတာ ဂါဒက်စ် နှင့် ကော့သောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးမှူး တို့သည် သန္တာ ကျောက်တန်း များနှင့် ယင်း ဒေသ၌ နေထိုင် ကျက်စား နေသော ရေသတ္တဝါများ ထဲမှ ငါးနှင့် လိပ်မျိုးစိတ် များကို ထိန်းသိမ်း စောင့်ရှောက် နိုင်ရန် စီစဉ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် ဘုတ်ပြင်းမြို့နယ် အလယ်မန် ကျေးရွာ အုပ်စုရှိ ဆလုံလူမျိုးများ နေထိုင်သော လငန်းကျွန်း ရွာဝန်းကျင်၌ ယမန်နှစ် ဒီဇင်ဘာလ က ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ဝက်ဘ်ဆိုက် တွင် ဖော်ပြ ထားသည်။

အဆိုပါ အဖွဲ့သည် လငန်းကျွန်းရွာ အတွင်းရှိ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ ရေလုပ်သား များနှင့် တွေ့ဆုံ၍ ရေသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ပြီး ဒေသတွင်းရှိ ငါးဖမ်း ကိရိယာများ၊ ငါးဖမ်းဆီး ရမိမှု အခြေအနေ၊ ဖမ်းဆီး ရမိသော ငါးအမျိုးအစား နှင့် စာရင်းများကို မှတ်တမ်းတင် ခဲ့သည်။

မြိတ်ကျွန်းစု (ပုံ) ကို အဏ္ဏဝါဗေဒ ဘေးမဲ့ဇုန် အဖြစ် သတ်မှတ်နိုင်ရန် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း အဏ္ဏဝါ ကာကွယ်ရေး ရေပြင် လုပ်ငန်းစီမံကိန်း (BOBLME) က ဆောင်ရွက်နေပြီး ယခုနှစ် ဇန်နဝါရီလ တွင် မြိတ်ကျွန်းစု ပင်လယ် ကြမ်းပြင်ရှိ ပင်လယ်မြက် များကိုလည်း ထိန်းသိမ်း နိုင်ရန် ယင်းအဖွဲ့က စီစဉ်နေကြောင်း သိရသည်။

ထို့အပြင် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသော ငါးမန်းနှင့် ရေအောက် ဇီဝငါးမျိုးစိတ် များကို မြိတ်ကျွန်းစု၌ ဇန်နဝါရီ ၂ဝ ရက်မှစ၍ ၁ဝ ရက်ကြာ သုတေသန ပြုလုပ်လျက် ရှိပြီး သုတေသန ပြုလုပ်ရာတွင် ငါးမန်း ငါးမျိုးစိတ်များ ကျန်ရှိမှု အခြေအနေ၊ ရာခိုင်နှုန်းနှင့် နေထိုင် ကျက်စားရာ ဒေသများ ကို လေ့လာကာ ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် နေကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment