Pages

Thursday, January 29, 2015

ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ် တို့နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်လုပ်ဆောင်မည်



ရန်ကုန် ၊ ၂၉-၁-၂၀၁၅

ကျန်းမာရေး ဝန်ကြီးဌာန နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် တို့နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ ကို ဖေဖော်ဝါရီ ၁ ရက်မှ ၈ ရက်အထိ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်းအား ဖေဖော်ဝါရီ ၁ ရက်မှ ၈ ရက်အထိ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ''ဝ'' ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရ ဒေသ၊ မိုင်းလားဒေသ စသည့် ဒေသများအား Gavi (The Vaccine Alliance) ၊ WHO ၊ UNICEF စသည့် INGO အဖွဲ့အစည်း များနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ''အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို အစီအစဉ် နှစ်ရပ်နဲ့ လုပ်ဆောင် နေတာပါ။ အဲဒီ အစီအစဉ် နှစ်ရပ်ထဲမှာ မပါဝင်တဲ့ ဒေသတွေ ကိုတော့ အထူး အစီအစဉ် တစ်ရပ်အနေနဲ့ ဆောင်ရွက် သွားမှာပါ '' ဟု ၄င်းက ပြောသည်။

ထို့အပြင် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် အစုလိုက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းအား ကျောင်း အခြေပြု ကာကွယ်ဆေး ထိုးနှံခြင်း၊ ပြည်သူလူထု အခြေပြု ကာကွယ်ဆေး ထိုးနှံခြင်း စသည့် အစီအစဉ် နှစ်ရပ်ဖြင့် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ တစ်ဝန်းလုံး လွှမ်းခြုံ ထိုးနှံမည့် တိုးချဲ့ ကာကွယ်ရေး လုပ်ငန်းစဉ် များကို အစိုးရဌာနများနှင့် အတူ Gavi ၊ WHO နှင့် UNICEF တို့မှ ပူးပေါင်း ပါဝင်ပံ့ပိုး ကူညီနေကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment