Pages

Friday, January 23, 2015

ဥက္ကာပျံများကို အာကာသထဲမှ မှတ်ဉာဏ်များအဖြစ် သုတေသီများ တင်စားခေါ်ဝေါ်



လန်ဒန် ၊ ၂၃-၁-၂၀၁၅

နေအဖွဲ့အစည်း မစမီ နှစ်ပေါင်း ဘီလီယံနှင့် ချီသည့် အချိန်က ဥက္ကာပျံကြီး တစ်ခု၏ အစိတ်အပိုင်းများ အကြောင်း မှတ်တမ်းတင် ထားရှိခဲ့သည့် ရှေးဟောင်း မှတ်စုများကို သိပ္ပံပညာရှင် များက အဓိပ္ပာယ် ဖွင့်ဆို လိုက်နိုင်ပြီ ဖြစ်လေရာ ဥက္ကာပျံ များတွင် သံလိုက်ခဲများ ပါရှိပြီး ယင်းသံလိုက်က ကွန်ပျူတာ မှတ်ဉာဏ် ကဲ့သို့ပင် ဥက္ကာပျံတစ်ခု၏ အစ၊ အဆုံးကို မှတ်တမ်းတင် ပေးထား နိုင်မည် ဖြစ်သည့်အတွက် ဥက္ကာပျံ များကို အာကာသ အတွင်းမှ မှတ်ဉာဏ်များဟု တင်စားခေါ်ဝေါ် နေပြီဖြစ်သည်။

''ကွန်ပျူတာရဲ့ Hard Drive ထဲမှာ အချက်အလက် တွေကို မှတ်တမ်းတင် ထားနိုင် သလိုပဲ ဥက္ကာပျံ တွေမှာလဲ သံလိုက်ဓာတ်တွေ ပါရှိပြီး ဒီသံလိုက်ဓာတ် တွေက လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်း များစွာက ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို မှတ်တမ်းတင် ထားပါတယ်။ အခု ကျွန်တော်တို့ ဒီမှတ်တမ်းတွေကို ဖတ်တတ် သွားပါပြီ။ ကမ္ဘာကြီးနဲ့ အတူနေ အဖွဲ့အစည်းကြီး တစ်ခုလုံး ဘယ်လိုစတင် ဖြစ်ပေါ် လာသလဲ ဆိုတာကို အနီးစပ်ဆုံး လေ့လာနိုင်မယ့် အချိန် တစ်ချိန်ဟာ နီးကပ်လို့ လာနေပါပြီ''ဟု သိပ္ပံပညာရှင် တစ်ဦးက ပြောသည်။ 

သုတေသီ များသည် Synchrotron ဟု ခေါ်သည့် X-Ray မိုက်ခရိုစကုပ် ကို အသုံးပြုကာ လွန်ခဲ့သော နှစ်ပေါင်း ၄ ဒသမ ၅ အချိန်က သတင်း အချက်အလက် များကို ဥက္ကာပျံများမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ယင်း အချိန်မှာ နေ အဖွဲ့အစည်းကြီး စတင်ဖြစ်ပေါ် လာသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

အင်္ဂါဂြိုဟ်နှင့် ဂျူပီတာဂြိုဟ် တို့အကြား ဥက္ကာပျံ ခါးပတ်ကြီးရှိပြီး ယခု စကြာဝဠာထဲ ပျံ့နှံ့နေသော ဥက္ကာပျံများမှာ ယင်း ဥက္ကာပျံ ခါးပတ်မှ ပဲ့ထွက်လာသော အပိုင်းအစများ သာဖြစ်သည်ဟု သုတေသီ များက ယုံကြည် ကြသည်။ 

''ဥက္ကာပျံ တစ်ခုမှ ဂြိုဟ်မဖြစ်လိုက် နိုင်တဲ့ အာကာသ အစိုင်အခဲ တွေရဲ့ ဓာတ်သတ္တိတွေ ပါဝင်ပါတယ်။ အဲဒီ ဓာတ်သတ္တိတွေ ကို သံလိုက် စွမ်းအင်တွေ ဖမ်းယူ ထားခဲ့ပါတယ်။ သိပ်မကြာခင် မှာပဲ ဥက္ကာပျံ အတွင်း ဓာတ် ပြောင်းလဲမှုကြောင့် သံလိုက်စက်ကွင်း သေသွားတယ် ဆိုပေမယ့် သံလိုက်ဓာတ်က ကျန်ရှိနေဆဲ ဖြစ်ပြီး အဲဒီတုန်းက ဘာတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ သတင်း အချက်အလက် တွေနဲ့အတူ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ် '' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

သုတေသီ များသည် နေ အဖွဲ့အစည်း စတင်ဖြစ်ပေါ် လာပုံကို အစဉ်သဖြင့် သိလိုစိတ်ဖြင့် မေးမြန်း စုံစမ်းလေ့လာ နေကြပြီး ကမ္ဘာကြီး ပေါ်တွင် သက်ရှိလောက မည်ကဲ့သို့ ဖြစ်ပေါ် လာသည်ကိုလည်း သိလိုစိတ်ဖြင့် သုတေသန ပြုလုပ်နေကြ သူများ ဖြစ်လေရာ ယခု နောက်ဆုံး ဥက္ကာပျံ မှတ်တမ်းများက သိပ္ပံ လောကကို ဂယက်ရိုက် သွားစေနိုင်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်ဟု သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment