Pages

Friday, January 2, 2015

ပြည်ပပို့ကုန်လုပ်ငန်း များအတွက် ဗဟိုဘဏ်တွင် ပစ္စည်းအပေါင်ငွေ ( Bank Credit ) ထားရှိရမှုကို ယခုလမှ စတင်ပယ်ဖျက် ပေးမည်


ရန်ကုန် ၊ ၂-၁-၂ဝ၁၅

ပြည်ပပို့ကုန် လုပ်ငန်းများ အတွက် ဗဟိုဘဏ်တွင် ပစ္စည်း အပေါင်ငွေ (Bank Credit) ထားရှိရမှုကို ဇန်နဝါရီလမှ စတင် ပယ်ဖျက် ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဘဏ်တွင် ပစ္စည်း အပေါင်ငွေ ထားရှိမှု ဆိုသည်မှာ ပြည်ပသို့ တင်ပို့မည့် ကုန်ပစ္စည်း တန်ဖိုးနှင့် ညီမျှသည့် ငွေကြေးအား လုပ်ငန်းရှင်မှ ဘဏ်တွင် အပေါင်ထားရှိ ရသည့် သတ်မှတ်ချက် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်းကမ်း သတ်မှတ်ချက်ကို ယခင်က ကျင့်သုံးခဲ့ခြင်း ဖြစ်ပြီး ယင်း ကန့်သတ်ချက် အရ လုပ်ငန်းရှင်များ အနေဖြင့် ကုန်ပစ္စည်း တန်ဖိုးအပြင် အပေါင်ငွေ ထားရှိ နေရခြင်းသည် ပို့ကုန်လုပ်ငန်း အတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ဘဏ်မှ ကုန်ပစ္စည်း အပေါင်ငွေ ထားရှိရမှု အပါအဝင် ကုန်သွယ်မှု လုပ်ငန်းများ အတွင်းရှိ အခက်အခဲ များကို ဖြေရှင်းနိုင်ရန် ဒီဇင်ဘာ ၂၈ ရက်တွင် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဗဟိုဘဏ် မှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် နှင့် ပို့ကုန် လုပ်ငန်းရှင် များ တွေ့ဆုံညှိနှိုင်း ခဲ့ကြကြောင်း သိရသည်။(၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment