Pages

Wednesday, December 24, 2014

CR7 ပြတိုက်တွင် စီရော်နယ်ဒို ၏ပုံတူကြေးရုပ် ဖွင့်လှစ်ပြသ


Cristiano Ronaldo immortalized in bronze statue outside his personal museum


Honoured to receive the Cordão Autonómico de Distinção, the highest distinction ...

လစ္စဘွန်း ၊ ၂၄-၁၂-၂၀၁၄

ပေါ်တူဂီ နှင့် ရီးရဲလ်မက်ဒရစ် အသင်း အဓိက ကစားသမား စီရော်နယ်ဒို သည် ၄င်း၏ ဇာတိမြေ ပေါ်တူဂီနိုင်ငံ ၊ မက်လ်ဒဲလားမြို့ ရှိ CR7 ပြတိုက်တွင် အမြင့် ၂ ဒသမ ၄ မီတာရှိ ၄င်း၏ ပုံတူကြေးသွန်း ရုပ်တုကို ဖွင့်လှစ် ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံတူ ကြေးရုပ်တုသည် အလေးချိန် ၈၀၀ ကီလိုဂရမ် ခန့်ရှိပြီး CR7 ပြတိုက်တွင် အမှတ်တရ အဖြစ် ပြသသွားမည် ဖြစ်သည်။

Ballon d'Or ဆုကို နှစ်ကြိမ်ထိ ရယူထားခဲ့သည့် စီရော်နယ်ဒို သည် ပြီးခဲ့သည့် စနေနေ့က ကမ္ဘာ့ကလပ်များ ဖလား ဗိုလ်လုပွဲစဉ် အပြီး ၂၄ နာရီအတွင်း မက်လ်ဒဲလားမြို့ သို့ ပြန်ကာ အဆိုပါ ရုပ်တုကို CR7 ပြတိုက်တွင် သွားရောက် ဖွင့်လှစ်ပြသ ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒို က အဆိုပါ ရုပ်တုဖွင့်ပွဲတွင် မိမိ၏ ပုံတူရုပ်တုကို ဖွင့်လှစ်ပြသ နိုင်ခဲ့သည့်အတွက် ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ၊ ယခုထက်လည်း ပိုမို အောင်မြင်မှု ရရှိရန် ကြိုးစားသွားမည် ဖြစ်ကြောင်း CR7 ပြတိုက် အတွက်လည်း အကောင်းဆုံး ပံ့ပိုး သွားမည် ဖြစ်ကြောင်း ပြောကြားသွား ခဲ့သည်။

စီရော်နယ်ဒို သည် ၄င်း၏ ပုံတူကြေးရုပ်တု ဖွင့်ပွဲအတွက် မက်လ်ဒဲလားမြို့ သို့ ရောက်ရှိနေစဉ် ပေါ်တူဂီ အစိုးရက ပေးအပ် ချီးမြှင့်သော အမြင့်ဆုံးဆု ဖြစ်သည့် Cordao Autonomico ဆုကိုလည်း လက်ခံယူ ခဲ့သည်။ 

အဆိုပါ CR7 ပြတိုက်တွင် ၄င်း ရရှိခဲ့သည့် ရွှေဖိနပ်များ ၊ လက်မှတ် ရေးထိုးထားသည့် ဘောလုံးများ ၊ ကစားသမား ဘ၀သက်တမ်း တစ်လျှောက် ရရှိခဲ့သည့် ဆုတံဆိပ်များ နှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံ များကိုလည်း ပြသထားကြောင်း သိရှိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment