Pages

Wednesday, December 24, 2014

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လာမည့်ဇန်န၀ါရီလတွင် ရုရှားစင်တာ ဖွင့်လှစ်မည်


ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် နှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ၊ Russkiy Mir ဖောင်ဒေးရှင်း တို့ ပညာရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးစဉ်

ရန်ကုန် ၊ ၂၄-၁၂-၂၀၁၄

ရန်ကုန်မြို့ ၊ နိုင်ငံခြားဘာသာ တက္ကသိုလ် ၊ ရုရှားဘာသာ ဌာနတွင် ရုရှားစင်တာ တည်ထောင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) မှ သိရသည်။

ထိုသို့ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် တွင် ရုရှားစင်တာ ဖွင့်လှစ် သွားနိုင်ရေးအတွက် ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် နှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ၊ Russkiy Mir ဖောင်ဒေးရှင်း တို့ ပညာရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး ခဲ့သည်။

အဆိုပါ ရုရှားစင်တာ ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။ ရုရှားစင်တာ ကို ရုရှား ဘာသာစကား တိုးတက်ရေး နှင့် ဘာသာရပ် ဆိုင်ရာ သင်ကြားရေး အဆင့်မြှင့် နိုင်ရန် တည်ထောင် သွားမည် ဖြစ်သည်။ အဆိုပါ စင်တာတွင် ရုရှားဘာသာ နှင့် ရေးသားထားသည့် Electronic စာအုပ် နှင့် ထုတ်ဝေ ထားပြီးဖြစ်သည့် ရုရှားစာပေ လက်ရာများ ၊ အနုပညာ သမိုင်းဆိုင်ရာ စာအုပ်များ ၊ ရည်ညွှန်း စာအုပ်များ ၊ လက်စွဲ စာအုပ်များ ၊ လျှပ်စစ် အရင်းအမြစ် စာအုပ်များ ၊ လက်တွေ့ခန်း ဆိုင်ရာ စက်ကိရိယာများ နှင့် သင်ထောက်ကူ ပစ္စည်းများအား ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ နိုင်ငံခြားဘာသာ တက္ကသိုလ် ၊ ရုရှားဘာသာ ဌာနတွင် ရုရှားစင်တာ တည်ထောင် ဖွင့်လှစ် နိုင်ရေးအတွက် ပညာရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲသို့ အဆင့်မြင့် ပညာဦးစီးဌာန (အောက် မြန်မာပြည်) မှ တာဝန်ရှိ သူများ ၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် မှ ပါမောက္ခချုပ် နှင့် ရုရှားဘာသာ ဌာနမှ ဆရာ ၊ ဆရာမများ တက်ရောက် ခဲ့ကြသည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ၊ ရုရှားဘာသာ ဌာနတွင် ဆရာ ဆရာမ ၁၉ ဦးရှိကာ ကျောင်းသား ကျောင်းသူ ဦးရေ ၃၀၀ ခန့် တက်ရောက်လျက် ရှိသည်။ မန္တလေးမြို့ ၌ နိုင်ငံခြားဘာသာ တက္ကသိုလ် ဖွင့်လှစ် သင်ကြား နေသော်လည်း လက်ရှိတွင် ရုရှားစင်တာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ 

ရွှေကဒုံလှိုင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment