Pages

Sunday, December 28, 2014

နိုင်ငံခြားသို့ မြန်မာ့သရက်သီး မျိုးရင်းများ ပိုမိုတင်ပို့လာနိုင်စေရန် ပြည်တွင်းပြည်ပ မှ ပညာရှင်များက အကူအညီပေးမည်



ရန်ကုန် ၊ ၂၈-၁၂-၂၀၁၄

မြန်မာနိုင်ငံမှ ထွက်ရှိသော သရက်သီး မျိုးရင်းများကို အရည်အသွေး မြင့်လာအောင် ဆောင်ရွက်ပြီး နောက် နိုင်ငံခြား တိုင်းပြည်များ သို့ မြန်မာ့မျိုးရင်း သရက်သီးများ ပိုမိုတင်ပို့ လာနိုင်စေရန် သရက် သုတေသန စင်တာမှ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က စာရင်းပြုစု ခဲ့သော သရက် အမျိုးအစား များမှာ စုစုပေါင်း ၂ဝဝ ကျော် ရှိသော်လည်း ယခုအခါ အချို့မှာ မျိုးသုဉ်း ပျောက်ကွယ် သွားပြီး အချို့သရက် မျိုးရင်းများ မှာလည်း မျိုးသုဉ်းလု နီးပါးရှားပါး လာသည့်အတွက် မကြာသေးခင်က နိုင်ငံတစ်ဝန်း တွင် မြန်မာ့သရက် မျိုးရင်းများ ပြည်လည် စာရင်းကောက် ရာတွင် အမျိုးအစား ပေါင်း ၁ဝဝ ခန့်သာ စိုက်ပျိုးဖြစ်ထွန်း တော့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သရက်ပြတိုက် အတွင်း၌ မြန်မာ့သရက် မျိုးရင်းများကို နည်းပညာ မြှင့်၍ ပြုစုစိုက်ပျိုး ထားပြီး သရက်သီးများ သီးလာသောအခါ သရက်သီး တစ်မျိုးစီ၏ အချိုဓာတ် ပါဝင်မှု၊ အမျှင်ဓာတ် ပါဝင်မှုတို့ကို မှတ်တမ်းတင်ကာ သုတေသန လုပ်ဆောင် ပြီးနောက် အသီးလိုက် ပြည်ပ တင်ပို့နိုင်သော သရက် အမျိုးအစား၊ သရက်သီးခြောက်၊ သရက်ပျဉ် ထုတ်လုပ် နိုင်သော သရက် အမျိုးအစား စသည်ဖြင့် ခွဲခြားကာ တောင်သူများအား အသိပညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အရေအတွက် နှင့် အရည်အသွေး ပြည့်ဝသော သရက် မျိုးရင်းများ ရှင်သန်လာ နိုင်စေရန် အတွက်လည်း စိုက်ပျိုးရာတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် ခေတ်မီနည်းပညာ များကိုပါ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းတွင် အမေရိကန်နိုင်ငံ မှ စိုက်ပျိုးရေး အဖွဲ့အစည်း တစ်ခုကလည်း မြန်မာနိုင်ငံ အတွက် နည်းပညာ အထောက်အပံ့များ ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment