Pages

Wednesday, December 24, 2014

အစားအသောက် နှင့် ဆေးဝါးအတုများကြောင့် စားသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေရေး တွေ့ဆုံဆွေးနွေး


မြိတ် ၊ ၂၄-၁၂-၂၀၁၄

အစားအသောက်နှင့် ဆေးဝါးအတု များကြောင့် စားသုံးသူ ပြည်သူများ အန္တရာယ် မဖြစ်စေရေး တွေ့ဆုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာမြင့်ဟန် က Certificate အတုများဖြင့် ပြည်ပမှ ဆေးဝါးအတုများ တင်သွင်း ရောင်းချမှု မရှိစေရေး နှင့် သတ်မှတ်ရက်လွန် ဆေးဝါးများကို ပြင်ပ ဆေးဆိုင်များ၌ ရောင်းချနေမှုများ မရှိရေး၊ စပ်ဆေးများကြောင့် ဝေဒနာရှင်များ မလိုလား အပ်သော ကျန်းမာရေး ဆိုးကျိုးများ ဖြစ်ပေါ်မှု မရှိစေရန်နှင့် ကျေးလက်နေ ပြည်သူများကို ကျန်းမာရေး အသိပညာများ ပိုမိုသိရှိ လာစေရန် အသိပညာ ပေးခြင်း လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး တို့ကို ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြိတ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန္တာမျိုးဝင်း နှင့် မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင် များက မြိတ်ဒေသ အတွင်းရှိ ဆေးဆိုင်များတွင် တင်သွင်း ရောင်းချနေသော ဆေးဝါးများနှင့် ထိုင်းနိုင်ငံမှ တင်သွင်းလာသော စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများ နှင့် ပတ်သက်၍ စိစစ်ကြီးကြပ် တွေ့ရှိမှုများကို တင်ပြ ဆွေးနွေး ကြသည်။

ထို့နောက် တက်ရောက် လာကြသော ဆေးဆိုင် ပိုင်ရှင်များ၊ ရေသန့် လုပ်ငန်းရှင်များ က သိလိုသည် များကို ပြန်လည် မေးမြန်း ဆွေးနွေးရာ အစားအသောက် နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိ သူတို့က ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သိရသည်။

ဇော်မျိုးနိုင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment