Pages

Monday, December 22, 2014

ကျိုက်ထီးရိုးစေတီ ပုံစံတူ ပေါ်ပေါက်သောကိစ္စ အဖြစ်မှန်ပေါ်


 ရှေးပါဒ ဘုရင်များ လက်ထက်က တည်ထား ကိုးကွယ်ခဲ့သော ကျိုက်ပြာသာဒ် တနွံ (မင်းကျောင်း) စေတီတော် ၊ ကျောက်တန်း ၊ ရန်ကုန်တောင်ပိုင်းခရိုင်

ရန်ကုန် ၊ ၂၂-၁၂-၂၀၁၄

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ်အတွင်းရှိ ညောင်ဝိုင်း ကျေးရွာ၌ ညပိုင်းအချိန် ကြည့်ရှုပါက ကျိုက်ထီးရိုး စေတီတော် ပုံစံတူ ပေါ်ပေါက် နေသည် ဆိုသောကြောင့် ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီခွဲခန့်မှ
စတင်၍ ရပ်ဝေးရပ်နီးမှ နေ့စဉ် ကြည့်ရှုသူ များပြားသည့် အပြင် သတင်း မှာလည်း ပျံ့နှံ့သွား ခဲ့သည်။

ကျောက်တန်း မြို့နယ် အလယ်ပိုင်း ရပ်ကွက် မင်းကျောင်း လမ်းပေါ်ရှိ ရှေးပါဒ ဘုရင်များ လက်ထက်က တည်ထား ကိုးကွယ်ခဲ့သော ကျိုက်ပြာသာဒ် တနွံ (မင်းကျောင်း) စေတီတော် (ပုံ) ကို ရွှေသင်္ကန်း ကပ်လှူနိုင်ရန် ဘေးပတ်လည် ၌ ငြမ်းများ လုံးဝန်းစွာ ကာရံ ထားသည်။

ယင်း လုံးဝန်းသော ငြမ်းများကြောင့် ညအခါတွင် အနီးဝန်းကျင် ရွာများမှ ကြည့်ရှုပါက ကျိုက်ထီးရိုး စေတီတော် နှင့် ဆင်တူသော သဏ္ဌာန် ရှိနေခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ် အမှန်ကို မသိရှိ သေးသော အများ ပြည်သူများ သည် ညစဉ် လာရောက် ကြည့်ရှု နေကြပြီး သတင်း စကားများ ပျံ့နှံ့၍ ကောလာဟလ များ ထွက်ပေါ် ခဲ့သည်။

ကျိုက်ပြာသာဒ် တနွံ (မင်းကျောင်း) စေတီတော်သည် အမြင့် ၁ဝ၈ ပေ ရှိပြီး ကျောက်တန်းမြို့ ၏ ကုန်းမြင့်ပိုင်း၌ တည်ထား ကိုးကွယ် ထားခြင်းကြောင့် မည်သည့်အရပ် မှမဆို ကြည့်ရှုပါက ယခင်ကလည်း မြင်နိုင်ကြောင်း သိရသည်။

ယခုအခါ ရွှေသင်္ကန်း ကပ်လှူရန် အတွက် ငြမ်းဆင်ခြင်းများ၊ စေတီတော်ကို မီးဆလိုက် များဖြင့် ပူဇော်ခြင်း များကြောင့် အဝေးမှ ကြည့်ရှုပါက မြင်ကွင်း ပြောင်းလဲ သွားခြင်း ဖြစ်ကြောင်း ကျိုက်ပြသာဒ်တနွံ (မင်းကျောင်း) စေတီတော် ဂေါပက အဖွဲ့မှ သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment