Pages

Monday, December 29, 2014

အိန္ဒိယနိုင်ငံတွင် အအေးလှိုင်းဖြတ်မှုကြောင့် လူ ၂ဝ ကျော်သေဆုံး




Agra recorded the lowest minimum of the season at 0.1 degrees Celsius on Friday morning.

လက်ခ်နောင်း ၊ ၂၉-၁၂-၂၀၁၄

အိန္ဒိယနိုင်ငံ အွတ်တာပရာဒက်ရှ် ပြည်နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က အအေးလှိုင်း ဖြတ်မှုကြောင့် မြူနှင်းများ အုံ့ဆိုင်း၍ လေအေးများ ပြင်းထန်စွာ တိုက်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်နယ်ရှိ နေရာဒေသ အတော် များများတွင် မြူနှင်းများ အုံ့ဆိုင်းမှုကြောင့် ပတ်ဝန်းကျင် အမြင်များ မှုန်ဝါးသွားခဲ့ပြီး ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ ရကြောင်း သိရသည်။ ယင်းကဲ့သို့ ရာသီဥတု အခြေအနေ လွန်စွာ ဆိုးရွားမှုကြောင့် ပြည်နယ် တစ်ဝန်းတွင် လူပေါင်း ၂ဝ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ ဦးရေမှာ ၁ဝဝ ထိ မြင့်တက်နိုင်ဖွယ် ရှိကြောင်း သိရသည်။

ပြည်နယ်အရှေ့ပိုင်း ပူးဝါးဗန်ချာလ် ဒေသသည် အအေးလှိုင်း ရိုက်ခတ်မှုဒဏ် အဆိုးရွားဆုံး ခံခဲ့ရပြီး လူ ၁၆ ဦး သေဆုံး ခဲ့ကြောင်း၊ ကန်ပါ ဒေသတွင် သုံးဦး သေဆုံး ခဲ့ပြီး မီရွတ်ဒေသ တွင် တစ်ဦးသေဆုံး ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပြည်နယ် အစိုးရအဖွဲ့သည် အအေးလှိုင်းဒဏ် ခံရသည့် ဒေသမှ ဆင်းရဲသူများနှင့် ခိုကိုးရာမဲ့ ဖြစ်သူများအတွက် ယာယီ ကယ်ဆယ်ရေး စခန်းများနှင့် မီးပုံများကို စီစဉ်ပေးရန် ညွှန်ကြား ခဲ့ကြောင်း သိရသည်။

၎င်းအပြင် တီရာဘီ ဒေသတွင်လည်း လာမည့်ရက် အနည်းငယ်အတွင်း အအေးလှိုင်း ရိုက်ခတ်နိုင်ဖွယ် ရှိပြီး အေဂရာမြို့တွင် အနိမ့်ဆုံး အပူချိန် ၃ ဒသမ ၃ ဒီဂရီဆဲစီးယက် နှင့် လက်ခ်နောင်းမြို့တွင် အနိမ့်ဆုံး အပူချိန် ၆ ဒီဂရီဆဲစီးယက် ထိ ကျဆင်းနိုင်ကြောင်း ဒေသတွင်း မိုးလေဝသဌာနမှ ခန့်မှန်း ပြောကြား ထားသည်။

Cold wave prevails in North India, Agra records lowest minimum temperature

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment