Pages

Monday, December 29, 2014

ရန်ကုန်မြို့တော် အတွင်းရှိ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၂၀၀၀ ကျော်ကို တရားစွဲဆိုထားပြီး အဆောက်အအုံ ၃၇ လုံးကို ပြန်လည် ဖျက်သိမ်းထား



ရန်ကုန် ၊ ၂၉-၁၂-၂၀၁၄

ရန်ကုန်မြို့တော် အတွင်းရှိ ခရိုင်လေးခု အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၂ဝဝဝ ကျော်ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက တရားစွဲဆို ထားပြီး အဆောက်အအုံ ၃၇ လုံးကို ပြန်လည် ဖျက်သိမ်း ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေး က ပြောသည်။

အဆိုပါ တရားစွဲဆို ခံရသော ခွင့်ပြုချက်မဲ့ အဆောက်အအုံများမှာ ရန်ကုန် အရှေ့ပိုင်းခ ရိုင်၌ ၉၅၄ လုံး၊ အနောက်ပိုင်း ခရိုင်၌ ၆၂ လုံး၊ တောင်ပိုင်းခရိုင် ၌ ၁၅၉ လုံးနှင့် မြောက်ပိုင်း ခရိုင်၌ ၉၂၆ လုံးတို့ ဖြစ်သည်။

တရားစွဲဆို ခံရမှု အများဆုံး မြို့နယ်များမှာ သင်္ဃန်းကျွန်း၊ လှိုင်နှင့် မရမ်းကုန်း မြို့နယ်တို့ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ စာရင်းများ အရ သိရသည်။

စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်သည့် အဆောက်အအုံ ၃၇ လုံးကို အောက်တိုဘာလ နှင့် နိုဝင်ဘာလ အတွင်းက ဖျက်သိမ်း ခဲ့ကြောင်း သိရသည်။ ဆောက်လုပ်ဆဲ အဆောက်အအုံ ဖျက်သိမ်းခံ ရသည့် မြို့နယ်များမှာ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ စမ်းချောင်း၊ မရမ်းကုန်းနှင့် ကမာရွတ်မြို့နယ် တို့ဖြစ်ကြောင်း သိရသည်။

''ခွင့်ပြုချက်မဲ့ ဆိုတာက အိမ်ဆောက်လုပ်ခွင့် တင်ထားပြီး ခွင့်ပြုချက် မရမီ ဆောက်လိုက်တာကို ဆိုလိုတာပါ။ ဘယ် နှစ်ခုနှစ်အတွင်း တရားစွဲတာလဲ ဆိုတာက အချို့ပယ်တာ၊ ထပ်ဝင်တာတွေနဲ့ ဆိုတော့ ပြောဖို့ခက် ပါတယ်''ဟု ၄င်းက ဆက်လက် ပြောသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment