Pages

Saturday, November 15, 2014

ဆရာဝန်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ၂၀၁၆ ခုနှစ်တွင် ဆေးတက္ကသိုလ် (တောင်ကြီး) ဖွင့်လှစ်မည်


ရန်ကုန် ၊ ၁၅-၁၁-၂၀၁၄

ကျန်းမာရေး ကဏ္ဍအတွက် ဆေးပညာရှင်များ မွေးထုတ် ပေးနိုင်ရန် ၂၀၁၆ ခုနှစ်တွင် ဆေးတက္ကသိုလ် (တောင်ကြီး) ကို ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ဆေးတက္ကသိုလ် (တောင်ကြီး) ဖွင့်လှစ်နိုင်ရေး အတွက် ခွင့်ပြုမိန့် ရရှိပြီး ဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်း များကိုလည်း စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ အဆောက်အအုံများ ဆောက်လုပ်ရန် ရန်ပုံငွေများ ချထားပေးပြီး ဖြစ်ကာ ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာ နှစ်အတွက် ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ် သန်းပေါင်း ၆၅၂၇၄၄ ဒသမ ၅၈၉ သန်း ချထားပေးပြီး ဖြစ်သည်။

ပြည်တွင်း လိုအပ်ချက် တစ်ခုဖြစ်သည့် ဝေးလံသော ဒေသများတွင် ကျန်းမာရေး ပြုစု စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် နှင့် ဆရာဝန် လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရန် ၂ဝ၁၆ ခုနှစ်တွင် ဆေးတက္ကသိုလ် (တောင်ကြီး) ဖွင့်လှစ်နိုင်ရေး စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ စိုးလွင်ငြိမ်း က ပြောသည်။

ထို့အပြင် နာဂ ၊ ဓနု ၊ ပအိုဝ်း နှင့် ပလောင် စသည့်ဒေသများ၌ တာဝန် ထမ်းဆောင်ရန် ယင်း ဒေသများမှ အခြေခံပညာ အထက်တန်း အောင်မြင်သော ကျောင်းသား၊ ကျောင်းသူ များအား အခြား တိုင်းဒေသကြီး နှင့် ပြည်နယ် ရှိ ကျောင်းသားများ ကဲ့သို့ ဆေးတက္ကသိုလ် ဝင်ခွင့်ရမှတ် မလိုဘဲ ဆေးတက္ကသိုလ် ဝင်ခွင့် ပေးမည် ဖြစ်ကြောင်း၊ အဆိုပါ ဒေသများရှိ ကျောင်းသား ၊ ကျောင်းသူ ၃၂ ဦးအား ၂၀၁၂ ခုနှစ် ကတည်းက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သင်တန်းများ ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

''ဝေးလံတဲ့ ဒေသကသူတွေ အတွက် အခြေခံပညာ အထက်တန်း အောင်တဲ့သူကို အခြား တိုင်းဒေသကြီး နဲ့ ပြည်နယ်က ကျောင်းသားတွေလို ရမှတ်နဲ့ မဟုတ်ဘဲ ဆေးတက္ကသိုလ် တက်ရောက်နိုင်ဖို့ ဆောင်ရွက်ပေးလျက် ရှိပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။(၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment