Pages

Saturday, November 15, 2014

ရန်ကုန်စည်ပင် မှ ခွင့်ပြုချက် နှင့် ကိုက်ညီခြင်း မရှိသော အဆောက်အအုံ ၁၉၀၀ ခန့်ကို တရားစွဲဆိုထား


ဆောက်လုပ်ဆဲ အဆောက်အအုံတစ်လုံးအား တွေ့ရစဉ်

ရန်ကုန် ၊ ၁၅-၁၁-၂၀၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ခွင့်ပြုချက်နှင့် ကိုက်ညီခြင်း မရှိသော အဆောက်အအုံ များကို တရားစွဲဆို အရေးယူလျက် ရှိရာ ယခုနှစ် ၁ဝ လတာ ကာလအတွင်း အဆောက်အအုံ ပေါင်း ၁၉၀၀ ခန့်ကို တရားစွဲဆို ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦး က ပြောသည်။ " ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်တာ ဆိုရင်တော့ အဆောက်အအုံ တွေကို ဖြိုဖျက် အရေးယူ နိုင်ပါတယ် ၊ ဒီလို အရေးယူ နိုင်တဲ့အတွက် ကန်ထရိုက်တိုက် ဆောက်မယ့် မြေပိုင်ရှင် တွေဘက်ကလည်း သတိထားသင့် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်သော အဆောက်အအုံကို ဖြိုဖျက်ခြင်း မဟုတ်ဘဲ ဌာနအနေဖြင့် ဖြိုဖျက်ရန် အမိန့်စာ ထုတ်ပြန်ပေးပြီး ခွင့်ပြုချက်မဲ ဆောက်လုပ်သည့် အင်ဂျင်နီယာ ကို လိုင်စင် ပိတ်သိမ်းကာ အရေးယူ နိုင်ကြောင်း သိရသည်။ အဆိုပါ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၈ဝဝ ကျော်ကို ရန်ကုန် မြောက်ပိုင်းခရိုင်၌ အများဆုံး တွေ့ရှိရပြီး ရန်ကုန် အရှေ့ပိုင်း ခရိုင် သင်္ဃန်းကျွန်း မြို့နယ်၌ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၇၀၀ ခန့် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် ၌ လစဉ် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၆ လုံးခန့် ဖြိုဖျက် အရေးယူလျက် ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment