Pages

Tuesday, November 4, 2014

အင်းလေးဒေသသို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှုထက် ပြည်ပခရီးသွား ဝင်ရောက်မှု ပိုမိုများပြားလာ


အင်းလေးဒေသသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များကို တွေ့ရစဉ်

ညောင်ရွှေ ၊ ၄-၁၁-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသ သို့ ယခုနှစ်တွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ပြည်တွင်း ခရီးသွား ဧည့်သည် များထက် ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်လျက် ရှိကြောင်းသိရသည်။ ထိုကဲ့သို့ လာရောက်ကြ ရာတွင် အင်းလေး ဖောင်တော်ဦး ဘုရားပွဲသို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်များ ပိုမိုများပြား ခဲ့ကြောင်း ခရီးသွား လုပ်ငန်းရှင် များထံမှ သိရသည်။

ယခင်နှစ် များက အင်းလေးဒေသ အပါအဝင် တောင်ကြီးနှင့် ပုဂံ- ညောင်ဦးဒေသ များသို့ ပြည်တွင်း ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု ရှိခဲ့သော်လည်း နိုင်ငံခြား ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုမှာ နည်းပါးခဲ့သည်။ ယခုနှစ်တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များမှာ တောင်ကြီး နှင့် အင်းလေးဒေသ များသို့ ဝင်ရောက်မှု များပြား လာကြောင်း သိရသည်။

အင်းလေး ဒေသတွင် ခရီးသွား ဧည့်သည် ဝင်ရောက်မှု တိုးတက်များပြား လာသော်လည်း လက်ရှိအချိန်တွင် အဆင့်မြင့် ဟိုတယ်များ၌ တည်းခို နေထိုင်လိုသော နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် အခက်အခဲ ဖြစ်ပေါ် နေကြောင်း သိရသည်။ ဟိုတယ်များကို ယခုနှစ်တွင် တိုးမြှင့် တည်ဆောက် ခွင့်ပြုပေး ထားသော်လည်း ကြယ်ငါးပွင့်၊ ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်များ လိုအပ်လျက် ရှိနေသေးကြောင်း ဟိုတယ်လုပ်ငန်း ရှင်များက ပြောသည်။

ယခုအခါ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပနေချိန် ဖြစ်သည့် အတွက် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အပါအဝင် ပြည်တွင်း ခရီးသွား ဧည့်သည် များလည်း လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။ အင်းလေးဒေသ မှာလည်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို အမှီပြု၍ နိုင်ငံခြားခရီးသွား ဧည့်သည်များ ပိုမို ဝင်ရောက် လာလေ့ ရှိသဖြင့် ဟိုတယ်များ တိုးမြှင့် ဆောက်လုပ် သင့်ကြောင်း ခရီးသွား လုပ်ငန်းရှင် များက အကြံပြု ပြောကြား ကြကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment