Pages

Tuesday, November 25, 2014

ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်း တက်ခြင်း


ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်း တက်ခြင်း

ဒေါက်တာ လွင်သန့် (ဆေး-၂)

ခေါင်းမူး ခေါင်းခဲခြင်းသည် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ ခေါင်းမူးခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း တစ်ခုခု ဖြစ်လာခဲ့ပါက ဖျားခြင်း၊ နာခြင်း ၊ သွေးအားနည်းခြင်း၊ အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်း၊ စိတ်မပျော်ရွှင် ခြင်းနှင့် မူးဝေ အော့အန်ခြင်းတို့ ဖြစ်နိုင်သည်။

ခေါင်းမူးလျှင် အက်စပရင် တစ်လုံး၊ ပါရာစီတမော တစ်လုံး သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့် အတိုင်း သောက်သင့်သည်။ ရေချိုးခြင်း၊ အရက်၊ ဘီယာ သောက်ခြင်းမျိုး မပြုလုပ် သင့်ပါ။

တက်ခြင်းသည် ရောဂါမဟုတ်ဘဲ ရောဂါတစ်ခု၏ လက္ခဏာသာ ဖြစ်သည်။ ကလေးများ ဖျားလျှင် တက်တတ်သည်။ ၄၅ ရာခိုင်နှုန်း သည် ဖျား၍ တက်ကြသည်။ ၃ဝ ရာခိုင်နှုန်း သည် ဝက်ရူးပြန် (မွေးရာပါ) ရောဂါကြောင့် တက်သည်။ ၂၅ ရာခိုင်နှုန်း သည် အခြား အကြောင်းကြောင့် ဖြစ်သည်။

ဦးနှောက် ဒဏ်ရာရခြင်း၊ တုတ်ဖြင့်ခေါင်းကို အရိုက်ခံရခြင်း၊ လက်ဝှေ့ထိုးခြင်း၊ ဘောလုံးကန်ခြင်း၊ အရက် အမူးလွန်ခြင်း တို့ကြောင့်လည်း တက်တတ်သည်။ တစ်ကြိမ်တက် ဖူးလျှင် မကြာခဏ တက်တတ်သည်။ ကလေးဘဝ အတက်ရောဂါ သည် ကလေးကြီးပြင်း လာလျှင် ကြီးထွား ဟော်မုန်းကြောင့် အတက်လျော့သည်။

မည်သည့် အကြောင်းကြောင့် တက်သည်ဖြစ်စေ ဦးနှောက်ကို အဆမတန် လှုံ့ဆော်ခြင်း ဖြစ်၍ ရေရှည်အတွက် မကောင်းပါ။ ကလေး၏ ဦးနှောက် ပျက်စီးကာ စာသင်ကြား နိုင်ခြင်းမရှိဘဲ ဉာဏ်ရည်မမီ ဖြစ်သွား နိုင်သည်။ ဦးနှောက်ကို လှုံ့ဆော်ခြင်းမှာ ကြွက်သားများ လှုပ်ရှား၍ ခြေလက်များ ကောက်ကွေးခြင်း၊ ပါးစပ်က အမြှုပ်ထွက်ခြင်း၊ မျက်လုံးမျက်ဆန် လန်ခြင်း၊ အသက်ရှူ ရပ်သွားခြင်း၊ တောင့်တင်းခြင်းများ ဖြစ်တတ်သည်။

ပြုစုနည်းမှာ

  • (၁) လူနာ လိမ့်မကျ စေရန် ခုတင် သို့မဟုတ် စားပွဲပေါ်တွင် မထားရှိဘဲ ကြမ်းပြင်ပေါ်သို့ ရွှေ့ထားရမည်။ 
  • (၂) မီး၊ပန်ကာ၊ ဓာတ်ကြိုး၊ ရေမြှုပ်များ နှင့်ဝေးရာတွင် ထားသင့်သည်။ 
  • (၃) တက်သူအား ချောင်ချိသော အဝတ်အစားများ လဲလှယ်ပေးရမည်။
  • (၄)လျှာမကိုက်မိ စေရန် တက်နေသူ၏ ပါးစပ်ကိုဖွင့်၍ ဇွန်းအမြီးကို အဝတ်နှင့် ပတ်ကာ ထည့်ထားသင့်သည်။ လက်ကိုင်ပုဝါ သို့မဟုတ် အဝတ်စတစ်ခုခုကိုက်ထား စေလျှင်လည်း ရသည်။ 
  • (၅) ကလေးများ အဖျားအရမ်း ကြီးလျှင် ခေါင်းကစ၍ ရေလောင်းချ ရမည်။ စအိုထဲသို့ အဖျားကျဆေး ပါရာစီတမော ဝမ်းချူတောင့် ထည့်နိုင်သည်။ အတက်ကျဆေး ဒိုင်ယာစီပင် ထည့်ပေး နိုင်သည်။ 
  • (၆) ဗေလီယန် အကြောထဲ ထည့်ထိုးလျှင် ချက်ချင်း အတက်ကျ သွားသည်။ 
  • (၇) မိသားစုဝင်များ နှစ်သိမ့် ဆွေးနွေးရမည်။ အားပေးရမည်။ 
  • (၈) ဆရာဝန်နှင့် ပြသရမည်။ 
  • (၉) စိတ်ဖိစီးမှုမရှိသင့်ပါ။ 
  • (၁ဝ) တက်သည့်အချိန် ကြာမြင့်သည်နှင့် အမျှ အသက်အန္တရာယ် စိုးရိမ်ရသည်။ 
  • (၁၁) အတက် ဖြစ်စေသည့် အဖျားကြီးခြင်း၊ နှလုံး သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တို့ကို ကုသထား ရမည်။ 
  • (၁၂) ကလေးများ သန်ထပါက ဝက်ရူးပြန် ကဲ့သို့သော အတက်မျိုး ဖြစ်တတ်သည်။ နှစ်စဉ်မိုးဦးနှင့် မိုးနှောင်း ကာလတွင် နှစ်ကြိမ် သန်ချဆေး ကျွေးရမည်။ လူကြီးများ လည်း သန်ချဆေး စားပေးရမည်။ 
  • (၁၃) တက်တတ်သည့် သူများသည် ယာဉ်မောင်း၊ အကြော်အလှော်၊ လက်နက်ကိုင် ဝန်ထမ်း စသည်ဖြင့် အန္တရာယ် ဖြစ်စေသည့် အလုပ်များကို မလုပ် သင့်သလို စွန့်စားပြီး မခိုင်းသင့်ပါ။ 
  • (၁၄) တက်သည့် ကလေးသည် တစ်ပန်းရှုံး နေသဖြင့် စာမလိုက်နိုင်သည့် ကလေး၊ ဉာဏ်ရည် မမီသည့် ကလေးဖြစ်တတ်၍ ကလေး၏ အနာဂတ်ကို သိပ်ပြီးမျှော်လင့် မထားရန် မိဘများကို နှစ်သိမ့် ဆွေးနွေး ထားရမည်။ ပထမ တစ်ယောက် မွေး၍ တက်တတ်သော ကလေးဖြစ် လာသော်လည်း နောက်ကလေး များတွင် မဖြစ်ပွားနိုင်ပါ။ 
  • (၁၅) လူကြီး၊ လူငယ်မရွေး တက်ခြင်းကို ပြေလျော့ စေသည့်နည်းလမ်း မှာ ဘာသာရေး လိုက်စားခြင်း၊ တရားနာခြင်း၊ တရားထိုင် ခြင်းများ လုပ်ရမည်။ ။


#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment