Pages

Wednesday, November 26, 2014

ပညာရေးအားနည်းသော ကျောင်းသားများအတွက် သက်မွေးစက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်


မန္တလေး ၊ ၂၆-၁၁-၂၀၁၄

အတန်းပညာ သင်ကြားမှု ပိုင်းတွင် အားနည်းသော ကျောင်းသားများ အတွက် သက်မွေး စက်မှု သင်တန်းကျောင်း များ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်း က ပြောပြသည်။ အတန်းပညာ စတင်သည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ တက္ကသိုလ်ဘွဲ့ မရခင် အချိန်အတွင်း စာသင်ခန်းများမှ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းထွက်သွား ရသူ လူငယ်များ အတွက် မိမိတို့ စိတ်အား ထက်သန်သည့် ပညာရပ်များကို သက်မွေးပညာများ အဖြစ် စက်မှု သင်တန်းကျောင်း များ ဖွင့်လှစ်မည် ဖြစ်သည်။

ပညာရေး ဆုံးခန်း မတိုင်သော ကျောင်းသားများမှာ ကမ္ဘာ့နိုင်ငံ တိုင်းတွင် ရှိသော်လည်း မြန်မာနိုင်ငံတွင် အရေအတွက် ပိုများ၍ အများစုမှာ ပြင်ပ လုပ်ငန်းရှင်များ ထံသို့ ရောက်ရှိ သွားကြောင်း သိရသည်။ ယခင်က မြန်မာနိုင်ငံတွင် သက်မွေးပညာသင် ကျောင်းများ ရှိခဲ့ဖူး သော်လည်း ကာလ အတန်ကြာ ၄င်းတို့ ပျောက်ကွယ် သွားခဲ့ရ သဖြင့် လူငယ် အများစုမှာ ပြင်ပသို့ ရောက်ရှိခဲ့ရပြီး မကြာမီတွင် မူလတန်းအဆင့် သက်မွေးပညာ၊ အလယ်တန်းအဆင့် သက်မွေးပညာ၊ အထက်တန်းအဆင့် သက်မွေးပညာရပ် များ သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။

''ပုဂ္ဂလိက သက်မွေးပညာ စက်မှုကျောင်း တွေကိုလဲ စနစ်တကျ ဖွင့်ခွင့် ပေးသွားမှာပါ။ မြန်မာမှာရှိတဲ့ ပန်း ၁ဝ မျိုး ပညာရပ်တွေလဲ ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒီမှာ ကျွမ်းကျင်လုပ်သား မရှိတဲ့အတွက် ကျွမ်းကျင် ဝန်ထမ်းတွေ ဟာလဲ တစ်ဆင့်နိမ့်ပြီး လုပ်ကိုင် နေရတဲ့ ပြဿနာလဲ ပြေလည်သွားမှာ ဖြစ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံတွင် မူလတန်း အဆင့်မှ အလယ်တန်း အဆင့်သို့ ကူးပြောင်းချိန်တွင် ကျောင်းသား ၁ဝ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး အထက်တန်း အဆင့်နှင့် တက္ကသိုလ် ပညာများ ဆည်းပူးချိန် တွင်လည်း နှစ်အလိုက် တက်ရောက်နိုင်မှု ကျောင်းသား လျော့နည်း သွားလေ့ ရှိကြောင်း သိရသည်။ လာမည့်နှစ်များ အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက် လာတော့မည် ဖြစ်သဖြင့် ကျွမ်းကျင် လုပ်သားများ၊ အသိ ပညာရှင်များ၊ အတတ် ပညာရှင်များလည်း အများအပြား လိုအပ် လာတော့မည် ဖြစ်ကြောင်း သိရသည်။(၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment