Pages

Friday, November 7, 2014

မန္တလေး၌ တစ်မြို့လုံးကို လွှမ်းခြုံကြည့်ရှုနိုင်မည့် မျှော်စင်ပါဝင်သည့် နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံတစ်ခု တည်ဆောက်သွားရန် စီစဉ်



မန္တလေး ၊ ၇-၁၁-၂၀၁၄

ရှေးမြန်မာ မင်းများ ထီးနန်းစိုက် ခဲ့သော မြို့တော်ဖြစ်ပြီး ရှေးဟောင်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသ ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက် လည်ပတ်လေ့ ရှိသော မန္တလေးမြို့၌ တစ်မြို့လုံးကို လွှမ်းခြုံကြည့်ရှု နိုင်မည့် မျှော်စင် ပါဝင်သော နိုင်ငံတကာ အဆင့်မီ ကဇာတ်ရုံ တစ်ခု တည်ဆောက် သွားရန် စီစဉ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ မှ သိရသည်။

အဆိုပါ ကဇာတ်ရုံ ဧရိယာအတွင်းမှ မန္တလေးမြို့ တစ်မြို့လုံးကို လွှမ်းခြုံ ကြည့်ရှုနိုင်သည့် မျှော်စင် အပါအဝင် မန္တလေး သမိုင်း နှင့် ယဉ်ကျေးမှုများ ပြသနိုင်မည့် ပြတိုက်၊ အနုပညာရှင်များ ဖျော်ဖြေ တင်ဆက် နိုင်သည့် ကဇာတ်ရုံများ တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက် နိုင်ရေးအတွက် မန္တလေးမြို့ရှိ စာရေးဆရာများ၊ ပညာရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးကာ အကောင်အထည် ဖော်နိုင်ရန် မြေနေရာ ရှာဖွေလျက် ရှိပြီး ပုဂ္ဂလိက လုပ်ငန်းရှင် များကို ဖိတ်ခေါ် ဆောင်ရွက် သွားမည ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်မည် ဆိုပါက နန်းတွင်း၌ ပြုလုပ် စေချင်ကြောင်း၊ နန်းတွင်း၌ အကောင်အထည် ဖော်ရန် လတ်တလော မဖြစ်နိုင်သေးပါက ရေတိုစီမံကိန်း အဖြစ် အကောင်အထည် ဖော်ပါကလည်း မင်းခမ်းမင်းနား ပုံစံများ၊ လွှတ်တော် ကျင်းပသည့် ပုံစံများနှင့် နန်းတွင်းဓလေ့ ပုံစံများ အတိုင်း စနစ်တကျ ဖော်ထုတ် သင့်သည့်အပြင် တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာ များလည်း ထည့်သွင်း သင့်ကြောင်း မြို့ခံများက အကြံပြု ပြောကြားသည်။

လက်ရှိ အချိန်တွင် မန္တလေးမြို့ ၌ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အတွက် မြန်မာ့ ရိုးရာဓလေ့၊ တိုင်းရင်းသား ရိုးရာဓလေ့ များနှင့် ပတ်သက်၍ ကပြ ဖျော်ဖြေသည့် ယဉ်ကျေးမှု ကပွဲကို အမျိုးသား ကဇာတ်ရုံ၌ တစ်လလျှင် နှစ်ကြိမ် ဖျော်ဖြေပေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment