Pages

Saturday, November 22, 2014

ဆရာဝန်မရှိသော ဝေးလံဒေသမြို့နယ် များသို့ တပ်မတော်အရာရှိ ဆရာဝန်များအား အလှည့်ကျစနစ်ဖြင့် သွားရောက် တာဝန်ထမ်းဆောင် စေသည့် အစီအစဉ် ဆောင်ရွက်ရန် နည်းလမ်းတစ်ခု အဖြစ် စဉ်စား သုံးသပ်သည့် အဆင့်သာရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ၏ သဘောထား ထုတ်ပြန်


ဆရာဝန်မရှိသော ဝေးလံဒေသမြို့နယ် များသို့ တပ်မတော်အရာရှိ ဆရာဝန်များအား အလှည့်ကျစနစ်ဖြင့် သွားရောက် တာဝန်ထမ်းဆောင် စေသည့် အစီအစဉ် ဆောင်ရွက်ရန် နည်းလမ်းတစ်ခု အဖြစ် စဉ်စား သုံးသပ်သည့် အဆင့်သာရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ၏ သဘောထား ထုတ်ပြန်

နေပြည်တော် ၊ ၂၂-၁၁-၂၀၁၄

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင် " တပ်မတော် ဆရာဝန်များ အရပ်ဘက်သို့ ပိုရောက် လာတော့မည်'' ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော်တွင် ဆရာဝန်အဖြစ် တာဝန် ထမ်းဆောင် နေသော ဆေးပညာ မဟာဘွဲ့ တက်ခွင့် မရသည့် ဆရာဝန် များအား အရပ်ဘက်သို့ ပြောင်းပေးမည် ဖြစ်ကြောင်း ရေးသား ဖော်ပြထား သည်ကို တွေ့ရှိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန သည် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ကျန်းမာရေးကဏ္ဍ မူဝါဒ၊ ရည်မှန်းချက် နှင့် လုပ်ငန်းစဉ်များ ချမှတ်၍ အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှု အမျိုးအစား အလိုက် လိုအပ်မည့် ကျန်းမာရေး လူ့စွမ်းအားစု များကို အရည်အသွေး ပြည့်ဝစွာ လေ့ကျင့် မွေးထုတ်ခြင်း နှင့် မွေးထုတ်ထားသည့် စွမ်းအားစု များကို နိုင်ငံ့အကျိုးပြု ဝန်ထမ်းများ အဖြစ် ခန့်ထား တာဝန်ပေးအပ် နိုင်ရေးတို့ကို ဟန်ချက်ညီ စီမံ ဆောင်ရွက်လျက် ရှိသည်။

၎င်းအပြင် ပြည်သူလူထု၏ ကျန်းမာရေး အဆင့်မြှင့်တင် ရာတွင် ကျန်းမာရေး နှင့် နှီးနွှယ်ဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်း များ၊ ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်း များ၊ ပုဂ္ဂလိကများ နှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင် ဆောင်ရွက်လျက် ရှိသည်။

သို့ရာတွင် မြန်မာနိုင်ငံ အတွင်း ဝေးလံသော ဒေသမြို့နယ် (၁၁ဝ) မြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဆရာဝန် လုံလောက်စွာ ခန့်အပ်ပေးနိုင်မှု မရှိခြင်း၊ ခန့်အပ် တာဝန်ပေးအပ် ပါကလည်း ဆရာဝန်များ အနေဖြင့် သွားရောက် တာဝန် ထမ်းဆောင် လိုခြင်း မရှိသည်ကို တွေ့ရသည်။

ထို့ကြောင့် ဝေးလံသော ဒေသ မြို့နယ်များတွင် တာဝန် ထမ်းဆောင်နိုင်ရန် အတွက် လိုအပ်သော ဆရာဝန် အရေအတွက်ကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ အစီအစဉ်ဖြင့် လျှောက်လွှာများ တိုက်ရိုက် ခေါ်ယူ ခန့်ထားရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။ အကယ်၍ တိုင်းဒေသကြီး ပြည်နယ် အစိုးရများ အနေဖြင့် လိုအပ်သည့် အရေအတွက် မရပါက အဆိုပါ အခက်အခဲများ ကို ဖြေရှင်းနိုင်ရန် အတွက် ဆရာဝန်များ မရှိသော မြို့နယ်များသို့ တပ်မတော် အရာရှိ ဆရာဝန် များအား အလှည့်ကျ စနစ်ဖြင့် သွားရောက် တာဝန်ထမ်းဆောင် စေသည့် အစီအစဉ် ဆောင်ရွက်ရန် နည်းလမ်းတစ်ခု အဖြစ် စဉ်းစား သုံးသပ်သည့် အဆင့်သာ ရှိနေသေးသည်။

ထို့အပြင် ရေရှည် စီမံချက် အနေဖြင့် ဝေးလံဒေသရှိ တိုင်းရင်းသား များထဲမှ ၁ဝ တန်း အောင်မြင်သူ များကိုလည်း ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နှင့် သူနာပြု သင်တန်းကျောင်း များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ၏ ထောက်ခံမှု၊ ကိုယ်တိုင် ဆန္ဒပြုမှုများ အပေါ် မူတည်၍ တက်ရောက် သင်ကြားခွင့် ပေးလျက် ရှိသည်။

ထို့ကြောင့် 7 Day Daily သတင်းစာတွင် ဖော်ပြသကဲ့သို့ တပ်မတော် အရာရှိ ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းရွှေ့ ခန့်ထား၍ တာဝန်ထမ်းဆောင် စေရန် ဆုံးဖြတ်ထားခြင်း မရှိသေး ပါကြောင်း အသိပေး တင်ပြ အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment