Pages

Wednesday, November 5, 2014

မြန်မာ - နော်ဝေ ကြက်ခြေနီအသင်းများ ပူးပေါင်း၍ လုပ်ငန်းစဉ် လေးရပ် အကောင်အထည်ဖော်ရန် နော်ဝေက ဒေါ်လာ ၁ ဒသမ ၂ သန်း ကူညီမည်


ရန်ကုန် ၊ ၅-၁၁-၂၀၁၄

မြန်မာ- နော်ဝေ ကြက်ခြေနီ အသင်းများ ပူးပေါင်းကာ နှစ်နှစ်တာ ကာလအတွင်း လုပ်ငန်းစဉ် လေးရပ် အကောင်အထည် ဖော်ရန် နော်ဝေ က အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်း ကူညီမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ သိရသည်။ 

ထိုကဲ့သို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် နော်ဝေ ကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ နှစ်နှစ်တာ ကာလအတွင်း လုပ်ငန်းစဉ် လေးရပ်ကို အကောင်အထည် ဖော်ရန် နော်ဝေ ကြက်ခြေနီ အသင်းက ကူညီပံ့ပိုးငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် ထည့်ဝင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှာ လူထု အခြေပြု မြို့ပြဒေသ ဘေးအန္တရာယ် လျော့ပါးရေး၊ အရေးပေါ် အခြေအနေ၌ ထိရောက် မြန်ဆန်သော ဝန်ဆောင်မှု ပေးရေး၊ ဘေးအန္တရာယ် ကျရောက်ချိန် တွင် ရေနှင့် သန့်ရှင်းရေး လိုအပ်ချက် များနှင့် မိခင်နှင့် ကလေး ကျန်းမာရေး လုပ်ငန်းများ ဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ က ပြောပြသည်။

ထိုသို့ ကြက်ခြေနီ အသင်းမှ အကောင်အထည် ဖော်မည့် လုပ်ငန်းလေးရပ် အနက် ဘေးအန္တရာယ် လျော့ပါးရေး နှင့် အရေးပေါ် အခြေအနေ တွင် လိုအပ်သည့် လုပ်ငန်းများကို အဓိကထား ဆောင်ရွက်မည် ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဘေးဒုက္ခ စီမံခန့်ခွဲရေး ဌာနမှ သိရသည်။

နော်ဝေ ကြက်ခြေနီ အသင်းသည် ငွေကြေး ပံ့ပိုးရုံ မကဘဲ အတွေ့အကြုံများ ဖလှယ်ခြင်း၊ ကျွမ်းကျင် သင်တန်း ပေးခြင်းများ ကိုလည်း ရှေ့ဆက် လုပ်ဆောင်သွားရန် ရည်ရွယ် ထားကြောင်း နော်ဝေ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ Mr. Sven Mollekleiv က ပြောပြသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment