Pages

Monday, November 10, 2014

မိတ္ထီလာမြို့ရှိ လေကြောင်း နှင့် အာကာသပညာ တက္ကသိုလ်၌ လေဆိပ်စီမံခန့်ခွဲရေး ဘွဲ့လွန်ဒီပလိုမာ သင်တန်းအသစ် ဖွင့်လှစ်သင်ကြား


မိတ္ထီလာမြို့ရှိ လေကြောင်း နှင့် အာကာသပညာ တက္ကသိုလ်

မိတ္ထီလာ ၊ ၁၀-၁၁-၂၀၁၄

လေကြောင်း ပို့ဆောင်ရေးတွင် ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် အတွက် လေကြောင်း လိုင်းသစ်များ တိုးချဲ့ ပျံသန်းပြေးဆွဲ လာသည့် နည်းတူ ပြည်တွင်း လေဆိပ်အချို့ကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် ပြုရန် စီစဉ် ဆောင်ရွက် နေသည်။ထိုကဲ့သို့ လေဆိပ်များ ဖွံ့ဖြိုး တိုးတက်ရေး စီစဉ် ဆောင်ရွက် နေသည့် အချိန်တွင် ခေတ်စနစ် နှင့်အတူ မိတ္ထီလာမြို့၊ မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသ ပညာတက္ကသိုလ် တွင် လေဆိပ် စီမံခန့်ခွဲရေး ဘွဲ့လွန် ဒီပလိုမာ သင်တန်း ကိုလည်း စတင် သင်ကြား ပေးနေကြောင်း သိရသည်။

လေဆိပ်လုပ်ငန်း ဆောင်ရွက်မှု အပိုင်း၊ AIRPOST OPERATION အတွက် အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ်၏ သတ်မှတ်ချက် များနှင့်အညီ လိုအပ်သည့် သင်တန်းများကို ပို့ဆောင်ရေး ဝန်ကြီးဌာန အောက်ရှိ မိတ္ထီလာ မြို့ မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသ ပညာ တက္ကသိုလ် တွင် စတင် သင်တန်း ဖွင့်လှစ် သင်ကြား နေပြီဖြစ်သည်။ လေဆိပ်တစ်ခု ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် အတွက် လုပ်ငန်းစဉ် များကို နားလည် ကျွမ်းကျင်ရန် နှင့် စီမံခန့်ခွဲမှုဆိုင်ရာ CONCEPTUAL THINKING ကိုပါ တတ်ကျွမ်း နားလည်ပါက ပိုကောင်းမည် ဖြစ်သည်။ လေဆိပ် တစ်ခု၏ တိုးတက်မှုသည် တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းကို ကြီးမားသော အကျိုး သက်ရောက်မှု ဖြစ်စေသည်။ လေကြောင်း ပို့ဆောင်ရေး နှင့် လေဆိပ် ဖွံ့ဖြိုးမှုသည် ဆက်စပ်နေသည့် အတွက် လေကြောင်းပိုင်း တိုးချဲ့လာသည့် နည်းတူ လေဆိပ် များကိုလည်း သတ်မှတ်ချက် နှင့် အညီ နိုင်ငံတကာ စံနှုန်းအတိုင်း အဆင့်မြှင့်တင် သွားရန် လိုအပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၌ လေဆိပ် စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ သင်တန်းကို လေဆိပ် ဖွဲ့စည်းပုံ စနစ်၊ လေဆိပ် စီမံခန့်ခွဲမှု အခြေခံ သဘောတရား လေဆိပ် စီမံကိန်း ချမှတ် ဆောင်ရွက်မှု၊ လေဆိပ် စီးပွားရေး လေဆိပ် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ လေဆိပ်လုပ်ငန်း လည်ပတ် ဆောင်ရွက်မှု၊ လေဆိပ် အန္တရာယ် ကင်းရှင်းမှု နှင့် လုံခြုံမှု၊ လေဆိပ် မတော်တဆမှု များ အစီအမံ ခန့်ခွဲမှုနှင့် ပတ်သက်သည့် လေဆိပ် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း နှင့် ပြည်သူ့ရေးရာ မူဝါဒ ပါဝင်သည့် လေကြောင်းလိုင်း ထိန်းသိမ်းမှု ဆိုင်ရာ စီမံခန့်ခွဲမှု၊ လေကြောင်းလိုင်း လည်ပတ်နိုင်ရန် ဆောင်ရွက်မှု နှင့် နောက်ကျမှု စီမံခန့်ခွဲမှု၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု စသည့် ဘာသာရပ်များ သင်ကြား ပေးသွားမည် ဖြစ်သည်။ စာမေးပွဲ အပါအဝင် သင်ကြားရေး ကာလ လေးလခွဲ ရှိသည့ှ်SEMESTER နှစ်ခု ပါရှိမည် ဖြစ်သည်။

ထို့နောက် သုံးလ PILOT PROJECT ပြုလုပ်ပြီး စာတမ်းတင် ရမည်ဖြစ်သည်။ စာတမ်း ခုခံမှု ( Project Defense ) ပြုလုပ်ပြီး အောင်မြင်၍ အရည်အချင်းနှင့် ပြည့်စုံမှသာ ဘွဲ့လွန် ဒီပလိုမာ အပ်နှင်းမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment