Pages

Tuesday, November 11, 2014

ရုပ်ရှင် အတတ်ပညာ သင်တန်းဖွင့်ပွဲ ကျင်းပ


ရန်ကုန် ၊ ၁၁-၁၁-၂၀၁၄

ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာနနှင့် အာဆီယံ ရုပ်ရှင် ကော်မရှင် အဖွဲ့အစည်း ၊ ဘူဆန် ရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်း ကျင်းပသည့် ASEAN-ROK Film Leaders Incubator FLY 2014 ရုပ်ရှင် အတတ်ပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်၌ ကျင်းပ ခဲ့သည်။

အဆိုပါ သင်တန်းကို ၂ဝ၁၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂ဝ၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ တို့၌ ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ၌ ယခု ဖွင့်လှစ်သည့် ရုပ်ရှင် အတတ်ပညာ သင်တန်းသို့ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် နှင့် ကိုရီးယား နိုင်ငံတို့မှ သင်တန်းသား၊ သင်တန်းသူ ၂၁ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ နှစ်ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရသည်။

ခင်ချိုဝင်း

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment