Pages

Monday, October 27, 2014

အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ဦးရေ တစ်သောင်းကျော် ရှိပြီဖြစ်ကြောင်း WHO ပြောကြား



ဒါကာ ၊ ၂၇-၁၀-၂၀၁၄

အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရသူ ဦးရေသည် တစ်သောင်းကျော် ရှိလာပြီ ဖြစ်ပြီး ၄င်းတို့အနက် ထက်ဝက် နီးပါးခန့်မှာ သေဆုံး ခဲ့ရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) က ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။

အနောက် အာဖရိက ရှိ နိုင်ငံများတွင် အီဘိုလာ ရောဂါ ကူးစက်ပျံ့နှံမှု သည် တဖြည်းဖြည်း မြင့်တက် လာခဲ့ပြီး ဂီနီ ၊ လိုက်ဘေးရီးယား နှင့် ဆီယာရာ လီယွန် နိုင်ငံများတွင် သေဆုံးသူ ဦးရေမှာလည်း များပြား လာခဲ့ကြောင်း သိရသည်။ ၄င်းပြင် အမေရိကန် ပြည်ထောင်စု ၊ စပိန် နှင့် အခြား အနောက် အာဖရိက နိုင်ငံ သုံးနိုင်ငံတွင် လည်း အဆိုပါ ရောဂါကူးစက်မှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ 

ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီ၏ အောက်တိုဘာ ၂၅ ရက်က အတည်ပြု ပြောကြားချက် အရ အီဘိုလာ ရောဂါ ကူးစက်ခံရသူ အရေအတွက်မှာ ၁ဝ၁၄၁ ဦးရှိခဲ့ပြီး ၄င်းတို့အနက် သေဆုံးသူ ဦးရေ ၄၉၂၂ ဦးရှိကြောင်း၊ အီဘိုလာ ရောဂါပိုး ကူးစက်မှုကို တိုက်ဖျက် နိုင်သည့် ဆေးဝါးမရှိသေး သောကြောင့် ၄င်းရောဂါဖြင့် သေဆုံးသူ အရေအတွက်သည် ထိတ်လန့်ဖွယ် ကောင်းအောင် မြင့်တက် လာနိုင်ဖွယ် ရှိကြောင်း WHO အဖွဲ့က သတိပေး ပြောကြား ခဲ့သည်။

မာလီနိုင်ငံ ၌ အီဘိုလာ ရောဂါပိုး ကူးစက်မှု ဖြစ်ပွားသည့်နေ့ မှာပင် နယူးယောက်မြို့ ၌ လည်း ယင်း ရောဂါပိုး ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင် များက အတည်ပြု ပြောကြား ခဲ့သည်။ ထို့ကြောင့် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အဖွဲ့သည် ဆေးဝါးပစ္စည်း တစ်တန်ခန့် နှင့် ကျန်းမာရေး အမှုထမ်းများ တင်ဆောင် လာသော လေယာဉ် တစ်စင်းကို မာလီနိုင်ငံသို့ စေလွှတ် ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment