Pages

Monday, October 20, 2014

ကန်တော်ကြီး ကန်ပတ်လမ်းရှိ စားသောက်ဆိုင်နှင့် ဟိုတယ်များ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထားခြင်းကို လိုက်နာမှု မရှိက စည်ပင်ဥပဒေဖြင့် အရေးယူသွားမည်


ရန်ကုန် ၊ ၂၀-၁၀-၂၀၁၄

ရန်ကုန်မြို့တော် ရှိ ကန်တော်ကြီး ရေပြင် ကြည်လင် သန့်ရှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ငွေကျပ် သိန်းပေါင်း များစွာ သုံးစွဲ ဆောင်ရွက်လျက် ရှိပြီး ကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက်ဆိုင် 

များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ရေဆိုးစွန့်ပစ်မှု စနစ် သတ်မှတ် ပေးထား ခဲ့သော်လည်း လိုက်နာမှု မရှိသော စားသောက်ဆိုင် နှင့် ဟိုတယ်များကို တရားစွဲဆို သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် 

စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့် ၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် ကန်တော်ကြီး ကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက်ဆိုင် များမှ မီးဖိုချောင် စွန့်ပစ်ရေဆိုး များကို ကန်တော်ကြီး ရေပြင်ထဲသို့ တိုက်ရိုက် စွန့်ထုတ်မှုများ ရှိနေသည့် အတွက် ရေပြင် ညစ်ညမ်းမှု မဖြစ်ပေါ် စေရန် ရေဆိုး စွန့်ထုတ်မှု စနစ်ငယ်များ တပ်ဆင် အသုံးပြုပြီး သန့်စင် သွားသည့် ရေကို စွန့်ထုတ် စေခြင်းနှင့် ရေလွှဲ မြောင်းမကြီး မှတစ်ဆင့် ရန်ကုန်မြစ်ထဲ သို့ တိုက်ရိုက် စွန့်ထုတ်သည့် စနစ်များကို ၂ဝ၁၂ ခုနှစ် သြဂုတ်လ က ပြုလုပ် ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက် နေသော်လည်း ကန်တော်ကြီး ကန်ပတ်လမ်း၌ ရှိနေသည့် ဟိုတယ် တစ်ခုမှာ ယခု အချိန်အထိ လိုက်နာ ဆောင်ရွက်ခြင်း မရှိသေးသည့် အတွက် စည်ပင်သာယာ ဥပဒေနှင့် အညီ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန သို့ အသိပေး အကြောင်း ကြားပြီး တရားစွဲဆို သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှု) ဌာနမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် ကန်တော်ကြီး ရေပြင် ကြည်လင်ရေး အတွက် ဂျပန်နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့မှ လှူဒါန်း ထားသည့် စက်ပစ္စည်းများဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမေရိကန် နိုင်ငံမှ ထုတ်သည့် ဆေးဖျန်းပြီး စိမ်းနေသော ရေညှိသတ်ခြင်း ကိုလည်း လုပ်ဆောင်လျက် ရှိကာ နေရောင်ခြည် စွမ်းအင်ဖြင့် ရေသန့်သည့် နည်းလမ်းကိုလည်း သုံးစွဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment