Pages

Monday, October 20, 2014

ဂျပန် - မြန်မာ ဓာတ်ပုံပြိုင်ပွဲတွင် ချီးမြှင့် ပေးအပ်သည့် ပထမဆုနှင့် ဂျပန်ဝန်ကြီးချုပ် ဇနီး၏ အထူးဆုကို မြန်မာနိုင်ငံမှ ဓာတ်ပုံ ဝါသနာရှင်များ ဆွတ်ခူးရရှိ


ပထမဆု ရရှိခဲ့သည့် ဓာတ်ပုံ ဝါသနာရှင် ကိုညွန့်နိုင် ၏ " Face "

ရန်ကုန် ၊ ၂၀-၁၀-၂၀၁၄

ဂျပန် - မြန်မာ ဓာတ်ပုံပြိုင်ပွဲ တွင် ချီးမြှင့် ပေးအပ်သည့် ပထမဆု နှင့် ဂျပန် ဝန်ကြီးချုပ် ဇနီး၏ အထူးဆုကို မြန်မာနိုင်ငံ မှ ဓာတ်ပုံ ဝါသနာရှင် များ ဆွတ်ခူး ရရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့၌ အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပခဲ့သော ၂၀၁၄ မြန်မာပွဲတော် ၊ ဂျပန် - မြန်မာ ချစ်ကြည်ရေး ဓာတ်ပုံပြိုင်ပွဲ ထည့်သွင်း ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်း ဓာတ်ပုံပြိုင်ပွဲ အတွက် ချီးမြှင့်သည့် ဆုများကို မြန်မာနိုင်ငံသား ဓာတ်ပုံ ဝါသနာ ရှင်များ ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ယင်း ၂ဝ၁၄ မြန်မာပွဲတော် ဂျပန်ကို ဂျပန်ဝန်ကြီးချုပ် ၏ဇနီး အခိအယ် အာဘေးစံ က ကြီးမှူးကျင်းပ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂျပန် - မြန်မာ ဓာတ်ပုံပြိုင်ပွဲ တွင် မြန်မာနိုင်ငံ မှ ဓာတ်ပုံဝါသနာရှင် များနှင့် ဂျပန်နိုင်ငံမှ ဓာတ်ပုံ ဝါသနာရှင် များ၏ ဓာတ်ပုံ စုစုပေါင်း ၈ဝဝ ကျော် ပါဝင်ပြသ ခဲ့ပြီး ပြိုင်ပွဲဝင် ဓာတ်ပုံများ အနက် မြန်မာနိုင်ငံမှ ဓာတ်ပုံ ဝါသနာရှင် ကိုညွန့်နိုင် ၏ Face ဟု အမည် ပေးထားသည့် မြန်မာဓာတ်ပုံ က ပထမဆုကို လည်းကောင်း၊ ဂျပန်ဝန်ကြီးချုပ် ဇနီး အခိအယ် အာဘေးစံ ၏ အထူးဆုကို မြန်မာ ဓာတ်ပုံဆရာ ကိုအောင်ကြည်ဝင့် က လည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ဂျပန် - မြန်မာ ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆု အဖြစ် ဂျပန်ယန်း ၁ဝ သောင်း (အမေရိကန် ဒေါ်လာ ၁ဝဝဝ ခန့်) ပေးအပ် ချီးမြှင့်ခဲ့သည်။ ဂျပန် - မြန်မာ သံတမန်နှစ် ၆ဝ ပြည့် အထိမ်းအမှတ် အဖြစ်နှင့်ပါ ကျင်းပခဲ့သည့် အဆိုပါ ၂ဝ၁၄ မြန်မာပွဲတော် ကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ ဇနီးအပြင် ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တို့ တက်ရောက် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂ဝ၁၄ မြန်မာပွဲတော် သို့ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြပြီး မြန်မာ တေးသံရှင်များ ဖြစ်သည့် မေဆွိ၊ မေခလာ နှင့် ဇော်ပိုင် တို့ကလည်း တေးဂီတ များဖြင့် လာရောက် သီဆို ဖျော်ဖြေ ပေးခဲ့ကြကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment