Pages

Tuesday, September 23, 2014

(၁၇)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အမျိုးသား ၊ အမျိုးသမီး (နှစ်ယောက်တွဲ) အသင်းများ ရွှေတံဆိပ်ဆုများ ဆွတ်ခူး



ရန်ကုန် ၊ ၂၃-၉-၂၀၁၄

တောင်ကိုရီးယားနိုငင်ံ အင်ချွမ်မြို့ ၌ ကျင်းပလျက် ရှိသည့် (၁၇) ကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံ မှ အားကစား သမား ၆၅ ဦးက အားကစားနည်း ၁၀ မျိုးဖြင့် ၀င်ရောက် ယှဉ်ပြိုင်လျက် ရှိရာ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ပိုက်ကျော်ခြင်း အသင်းက မြန်မာနိုင်ငံ အတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆု နှင့် ဒုတိယမြောက် ရွှေတံဆိပ်ဆု ကို အမျိုးသား ပိုက်ကျော်ခြင်း အသင်း တို့က ရရှိခဲ့သည်။

ယမန်နေ့ နံနက်ပိုင်းက အမျိုးသမီး နှစ်ယောက်တွဲ ဗိုလ်လုပြိုင်ပွဲ တွင် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းက လာအို အမျိုးသမီး လက်ရွေးစင် အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိ၍ မြန်မာနိုင်ငံ အတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆု ကို ရယူ အောင်ပွဲဆင် နိုင်ခဲ့ပြီး ဒုတိယ ငွေတံဆိပ်ဆု ကို လာအို အမျိုးသမီး အသင်းမှ ရရှိကာ ပူးတွဲ တတိယဆု ကို ဂျပန်အသင်း နှင့် ဗီယက်နမ် အသင်းတို့က လည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲ ဗိုလ်လုပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် အမျိုးသား အသင်းက အိမ်ရှင် ကိုရီးယား လက်ရွေးစင် အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး မြန်မာနိုင်ငံ အတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆု ကို ထပ်မံ ဆွတ်ခူး ရရှိခဲ့ကာ ဒုတိယ ငွေတံဆိပ်ဆုကို အိမ်ရှင် ကိုရီးယား အသင်းရရှိပြီး ပူးတွဲ တတိယဆု ကို ဂျပန်အသင်း နှင့် စင်ကာပူ အသင်းတို့က အသီးသီး ရရှိခဲ့သည်။




ဆုချီးမြှင့်ပွဲ အခမ်းအနားများ အပြီးတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ် နှစ်ဆု ရယူ ပေးခဲ့သော မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းနှင့် အမျိုးသား အသင်း တို့နှင့်အတူ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း နှင့် အိုလံပစ် ကော်မတီ အဖွဲ့ဝင်များ က စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment