Pages

Tuesday, September 23, 2014

အင်းဝမြို့ဟောင်း ရှိ မယ်နုအုတ်ကျောင်း ကို ပြည်တွင်းပြည်ပ ခရီးသွားများ လေ့လာ



တံတားဦး ၊ ၂၃-၉-၂၀၁၄

တံတားဦး မြို့နယ်မှ ရှေးဘုရင် မင်းဆက် ၃၁ ဆက် ထီးနန်းစိုးစံ ခဲ့သော အင်းဝမြို့ဟောင်း ရှိ မယ်နုအုတ်ကျောင်း ကို နိုင်ငံခြားသား ခရီးသွားများ လာရောက် လေ့လာမှု များပြားလျက် ရှိကြောင်း သိရသည်။

အင်းဝမြို့ကို သက္ကရာဇ် ၇၂၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး မင်းဆက် ၃၁ ဆက် ထီးနန်း စိုးစံကာ နှစ်ပေါင်း ၄ဝဝ ကြာ တညရှိခဲ့သော မြို့ဟောင်း ဖြစ်သောကြောင့် နန်းဆောင်၊ မြို့ရိုးနှင့် ပြာသာဒ် တို့၏ ဗိသုကာ တည်ဆောက်ပုံ အမွမ်းပန်း လက်ရာများ၊ သာသနိက အဆောက်အအုံများ တည်ဆောက်ပုံ အနုပညာ လက်ရာ များကို ပြည်တွင်း၊ ပြည်ပခရီး သွားများ စိတ်ဝင်တစား လေ့လာ ကြကြောင်း သိရသည်။

နိုင်ငံခြားသားများ အနေဖြင့် မယ်နု အုတ်ကျောင်း ၏ တည်ဆောက်ပုံ၊ ရှေးခေတ် ပညာရှင်များ၏ ဗိသုကာ လက်ရာ၊ ပန်းရန် နှင့် ပန်းတမော့ အနုပညာ လက်ရာ များကို စိတ်ဝင် တစား လေ့လာကြကြောင်း၊ ကျောင်းဆောင်ကြီး အတွင်းရှိ စင်္ကြံပတ်လမ်း နှင့် အခန်း ဖွဲ့စည်းပုံများ၊ အဝင်ပေါက် သစ်သားတံခါး တပ်ဆင်ပုံ၊ ကျောင်းကြီး၏ ခံ့ညား ထည်ဝါလှသော ဗိသုကာ လက်ရာများကို ဝင်ရောက် လေ့လာ ကြကြောင်း အဆိုပါ မယ်နုအုတ်ကျောင်း ကြီးကို
မြန်မာ သက္ကရာဇ် ၁၁၈၄ ခုနှစ်တွင် ဘကြီးတော် မင်းတရားကြီး နှင့် နန်းမတော် မယ်နုတို့က လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောင်း ဆောက်လုပ်ရာတွင် ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး သက္ကရာဇ် ၁၁၈၉ ခုနှစ်တွင် မဟာ အောင်မြေဘုံစံ ဟု ကမ္ပည်းထိုးကာ ညောင်ကန် ဆရာတော် ဦးပိုအား ရေစက်ချ လှူဒါန်း ခဲ့သည်။ ဆရာတော် ဦးပို ပျံလွန် တော်မူပြီးနောက် ဒုတိယ ညောင်ကန် ဆရာတော် ဦးဗုဓ် အား ထပ်မံ လှူဒါန်း ခဲ့သည်။ ကျောင်းကြီးကို အုတ်၊ အင်္ဂတေ တို့ဖြင့် မိဖုရား ခေါင်ကြီး မယ်နုက တည်ဆောက် ခဲ့သောကြောင့် မယ်နု အုတ်ကျောင်း ဟု ထင်ရှား ခဲ့သည်။

အုတ်ကျောင်း အကျယ်အဝန်း မှာ အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ နှင့် အမြင့် ၉၄ ပေရှိပြီး ကျောင်းတည်ဆောက် ရာတွင် အင်းဝခေတ် ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရာ နန်းမတော် မယ်နု၏ သမီးတော် ဆင်ဖြူမရှင် က သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် ထပ်မံ ပြုပြင် ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။

သန်းဇော်မင်း

#Yadanarpondaily

No comments:

Post a Comment