Pages

Monday, September 8, 2014

တာချီလိတ်မြို့ နမ့်ယွန်းချောင်း နှင့် မယ်ဆိုင်ချောင်းများ ချောင်းရေ မြင့်တက်မှု ဖြစ်ပွား


တာချီလိတ် ၊ ၈-၉-၂၀၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ၌ စက်တင်ဘာ ၆ ရက်က မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုကြောင့် တောင်ကျ ချောင်းရေမှ တစ်ဆင့် နမ့်ယွန်းချောင်း နှင့် မယ်ဆိုင်ချောင်း တို့သည် ရုတ်တရက် ချောင်းရေ မြင့်တက် လာခဲ့ပြီး တာချီလိတ်မြို့ ပုန်းထွန် ရပ်ကွက်၊ တာလော့ ရပ်ကွက်၊ ဝမ်ကောင်း ရပ်ကွက်၊ မကာဟိုခမ်း ရပ်ကွက်၊ ဆန်ဆိုင်း (က၊ ခ) ရပ်ကွက်၊ မယ်ခေါင် ရပ်ကွက်၊ ရန်အောင်မြင် ရပ်ကွက် နှင့် ဝိန်းကျောက် ရပ်ကွက် များရှိ လူနေအိမ်များ အတွင်းသို့ ရေဝင်ရောက် မှုများ ဖြစ်ပွား၍ ကားလမ်းဘေး ဘယ်၊ ညာရှိ ဈေးဆိုင်ခန်းများ၊ လူနေအိမ်များ အတွင်း ရေဝင် ရောက်ခြင်း၊ ကားနှင့် ဆိုင်ကယ်များ ရေနစ်မြုပ်ခြင်း၊ နေအိမ် ခြံစည်းရိုးများ ပြိုလဲ ပျက်စီးခြင်းများ ဖြစ်ကာ ခန့်မှန်း ငွေကျပ်သိန်း ၆ဝဝ ခန့်ပျက်စီး ဆုံးရှုံးခဲ့သည်။

ထို့အပြင် ရေကြီးမှုကြောင့် လွယ်တော်ခမ်း ကျေးရွာအုပ်စု တွင် တာချီလိတ် - မိုင်းဆတ် သွားကားလမ်း ပေါ်ရှိ ရေကာတာ အနီး တံတားခန့်မှန်း ပေ ၃ဝ ခန့်၊ အဒီး - ပါလ လမ်းပေါ်ရှိ အာခါဆေးခမ်းရွာ အနီး ၁ဝ ပေခန့်ရှိ ရေပြွန်နှင့် ရေလယ်ကျွန်း ဘုန်းကြီးကျောင်း သွား ကြိုးတံတားတို့ ပျက်စီး ခဲ့သည်။



အဆိုပါ ရေကြီးသည့် နေရာများသို့ နယ်မြေခံ တပ်မတော်သား များက သွားရောက်၍ လူနှင့် ပစ္စည်းများအား ကူညီသယ်ယူ ရွှေ့ပြောင်း ပေးခြင်းများ ဆောင်ရွက် ပေးသည်။ ထို့အပြင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ လူနေအိမ်များ၊ ကျောင်းများ၊ လူမှုရေး အဆောက် အဦများ နှင့် ဌာနဆိုင်ရာ ရုံးနေရာ များအား ရေကြီးမှုကြောင့် တင်ကျန်ခဲ့သော မြေဆိုင်ခဲများ၊ နုန်းများနှင့် သဲများအား ဆေးကြောခြင်း၊ ရေဆိုးများ ဖောက်ထုတ်ခြင်း၊ ရေရရှိရေး ဆောင်ရွက်ပေးခြင်း နှင့် အမှိုက်သရိုက် များအား ရှင်းလင်း ဖယ်ရှားခြင်း လုပ်ငန်းများအား ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment