Pages

Monday, September 8, 2014

လူကုန်ကူးခံရသည့် လူ ၃၀ ဦးအား အချိန်မီတားဆီနိုင်မှုကြောင့် နေရပ်သို့ ပြန်ရောက်

စေတုတ္တရာ ၊ ၈-၉-၂၀၁၄

မကွေး လူကုန်ကူးမှု တားဆီးရေး အဖွဲ့ တပ်စုမှူး ဒုတိယရဲမှူး လှဦး သည် သတင်းအရ မကွေးမြို့ ဧရာဝတီ တံတားအဝိုင်းထိပ် မင်းဘူးဘက် ကမ်းတွင် စေတုတ္တရာ - မကွေး ပြေးဆွဲသည့် ကြယ်တံခွန် ယာဉ်လိုင်း မှ ယာဉ်မောင်း ဝင်းကို ၄၇ နှစ်မောင်းနှင် လာသော မီနီဘတ်စ်ကား အစိမ်းရောင် ယာဉ်ကို ရပ်တန့် စစ်ဆေးရာ ဇော်မိုး (ခ) စိန်လှိုင် ၅၇ နှစ်(ဘ) ဦးခင်မောင် အမှတ်(၁) စံပြရပ် စေတုတ္တရာမြို့ နေသူက ထိုင်းနိုင်ငံ တွင် အလုပ် လုပ်ကိုင်ရန် အတွက် တစ်ဦးလျှင် ငွေကျပ် ၂၅ဝဝဝဝ ကုန်ကျမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းနှင့် မော်တော်ယာဉ် စက်အပို ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများတွင် အလုပ်လုပ် ပါက တစ်နေ့လျှင် ထိုင်းဘတ် ၃ဝဝ၊ မြန်မာ ငွေကျပ် ၉ဝဝဝ ရရှိမည် ဖြစ်ကြောင်း ပြောဆို စည်းရုံး၍ အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ကို ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင် အလုပ်သမား စုဆောင်းခွင့် သို့မဟုတ် နယ် ကိုယ်စားလှယ် ကတ်မရှိဘဲ စက်တင်ဘာ ၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က ကားပေါ်၌ ၄င်း ခေါ်ဆောင် လာသူများနှင့် အတူ တွေ့ရှိခဲ့သည်။

ထို့ကြောင့် အဆိုပါ စည်းရုံး ခေါ်ဆောင်ခဲ့သူ ဇော်မိုးကို (ပ)၁၆၈/၂ဝ၁၄ ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေ(၂၆) ဖြင့် မကွေးမြို့ မြို့မ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆို ထားပြီး စေတုတ္တရာ မြို့နယ်မှ စည်းရုံး ခေါ်ဆောင်ခြင်း ခံခဲ့ရသည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃ဝ ဦးကို လူကုန်ကူးမှု တားဆီးရေး အဖွဲ့က သက်ဆိုင်ရာ တာဝန်ရှိ သူများထံမှ တစ်ဆင့် မိဘ အုပ်ထိန်းသူ များထံသို့ ယမန်နေ့ နံနက် ၉ နာရီခွဲက ပြန်လည် အပ်နှံ ခဲ့သည်။

အဆိုပါ လူကုန်ကူး ခံရသူများကို မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့ ရဲမှူး မြင့်သန်း၊ မြို့နယ် ဥပဒေ အရာရှိ ဒေါ်ကေဇင်ထိုက်၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးမှူး ဦးမောင်ဦး နှင့် တာဝန်ရှိ သူများက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ပညာပေး လုပ်ငန်းများ ပိုမို ကျယ်ပြန့်စွာ သိရှိစေရန် ဟောပြော ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး (ငဖဲ)

#Themyawadydaily

No comments:

Post a Comment