Pages

Tuesday, September 30, 2014

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တန်ဖိုးထားစေချင်


မင်းကွန်းခေါင်းလောင်း

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တန်ဖိုးထားစေချင်

သူရရဲအောင် (ညောင်ဦး)

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံ နှင့် ပစ္စည်းများ အပေါ်တွင် ခရီးသွား ပြည်သူအချို့အမှတ်တရ စာရေးခြင်း၊ နာမည်ရေးသားခြင်း ပြုလုပ်နေမှုများ ယခင်ကထက် ပိုမိုများပြား လာကြောင်း တွေ့ရသည်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှ စေတီပုထိုးများ၊ မန္တလေးမှ မြနန်းစံကျော် ရွှေနန်းတော် နှင့် စစ်ကိုင်း မင်းကွန်း ခေါင်းလောင်းကြီး အစရှိသည့် နေရာများတွင် ယင်းသို့ ရေးသား ထားသည်ကို အများအပြား တွေ့ရသည်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားသည့် မြန်မာနိုင်ငံသို့ ပြည်တွင်း ခရီးသည်များ သာမက ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များလည်း လာရောက် လေ့လာ ကြည့်ရှု နေကြရာ ယင်းကဲ့သို့ စာရေးသားခြင်း များကို တွေ့မြင် သွားပါက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို တန်ဖိုးထားမှု အားနည်း ကြသည်ဟု တွေးမြင်ကြ မည်မှာ အမှန်ပင် ဖြစ်ပါသည်။

သို့ဖြစ်၍ တာဝန်ရှိ သူများ အနေဖြင့် ယင်းကဲ့သို့ စည်းကမ်းမဲ့ မပြုလုပ် နိုင်အောင် အထူး တားမြစ် ဆောင်ရွက် သင့်သည်။ ပြည်တွင်း ခရီးသွား မိဘပြည်သူများ အနေဖြင့်လည်း ဘိုးဘွားပိုင် ရှေးဟောင်း အမွေအနှစ် များကို တန်ဖိုးထား ထိန်းသိမ်း ချင်သော စိတ်ဓာတ် မွေးမြူ သင့်ကြပေသည်။ သို့မှသာ မိဘပြည်သူများ ကဲ့သို့ ပြည်ပ ခရီးသွား ဧည့်သည်များ ကလည်း တန်ဖိုးထား ကြလိမ့်မည် ဖြစ်ကြောင်း ရေးသား တင်ပြ အပ်ပါသည်။

#Themyawadydaily

No comments:

Post a Comment