Pages

Friday, September 19, 2014

သီတင်းကျွတ် တော့မည်

သီတင်းကျွတ် တော့မည်

စိုင်းခန့် (တမုတ်ဆိုး)

မကြာခင် သီတင်းဝါလ ကင်းလွတ် တော့မည့် အချိန် ရောက်လာ တော့မည် ဖြစ်သည်။ သီတင်းကျွတ် ရောက်ပြီ ဆိုသည်နှင့် မန္တလေးမြို့ တန်ခိုးကြီး ဘုရားများ၊ ရပ်ကွက်များ နှင့် ကျေးလက် ဒေသများတွင် သူ့နေရာနှင့် သူ ပွဲတော်များ ကျင်းပလျက် ရှိသည်။

''သီတင်းကျွတ်ချိန် ရောက်ရင် မိုးလေ ကင်းရှင်းပြီး လူတွေလဲ စိတ်ပေါ့ပါး ကြပါတယ်။ အဲဒီလို အချိန်ဆိုရင် မန္တလေး ဘုရားကြီး၊ ကျောက်တော်ကြီး ဘုရား၊ အိမ်တော်ရာ ဘုရား၊ ဘုရားသုံးဆူ ဘုရားပွဲတွေ၊ စွယ်တော်ဘုရား ပွဲတော်တွေဟာ ပျော်ပျော်ပါးပါး ကြိတ်ကြိတ်တိုး စည်ကား နေပါတယ်။ ဒါပေမဲ့ သီတင်းကျွတ်ပွဲ ဆိုတာနဲ့အတူ ဗြောက်အိုး ဖောက်တာ၊ မီးရှူး၊ မီးပန်း ပစ်တာတွေလဲ မလွဲမသွေ ကပ်ပါ လာပါတယ်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် ပွဲတော် မတိုင်မီ တစ်လလောက် အလိုမှာ ဗြောက်အိုး ဖောက်သံတွေ၊ မီးရှူး၊ မီးပန်း ပစ်တာ တွေကို တွေ့ရ ကြားရမြဲ ဖြစ်ပါတယ်။ အခု နှစ်လဲ သီးတင်းကျွတ် ပွဲတော် ရောက်ဖို့ရက် အနည်းငယ်သာ လိုတော့တဲ့ အတွက် ဗြောက်ဖောက်သံ ဆူဆူ ညံညံ ကြားနေရ ပါတယ် ... '' ဟု ၁၂ ပွဲ ဈေးသည် တစ်ဦးက ပြောပြသည်။

ည အချိန်မတော် ဗြောက်အိုး ဖောက်သည့် အတွက် ပြည်သူလူထု များ အထိတ်တလန့် ဖြစ်ကြ ရသည်။ ကလေးများ အနေဖြင့်လည်း ဗြောက်အိုး ဖောက်သည့် အတွက် မိမိ ကိုယ်တိုင် သော်လည်းကောင်း၊ တစ်ဦး တစ်ယောက် သော်လည်းကောင်း မတော်တဆ ထိခိုက် အန္တရာယ် ဖြစ်မှုများ ကြုံတွေ့ နိုင်သည်။ ယနေ့ အချိန်တွင် တရုတ်နိုင်ငံမှ တင်သွင်းသော ဗြောက်အိုး နှင့် မီးရှူး၊ မီးပန်းများမှာ ပေါက်ကွဲမှုအား ပြင်းထန်ပြီး ပုံစံ အမျိုးမျိုးနှင့် ဈေး အမျိုးမျိုး ရှိကြသည်။ ဗြောက်အိုး၊ မီးရှူး မီးပန်းများ ကြောင့်လည်း ကျေးလက်နေ ပြည်သူများ မီးဘေး အန္တရာယ် စိုးရိမ် ရသည်။

ထို့ကြောင့် သီတင်းကျွတ် ကာလ မရောက်မီ ကပင် အန္တရာယ်ရှိ သော ဗြောက်အိုး၊ မီးရှူး၊ မီးပန်း ရောင်းဝယ်မှုများ၊ သုံးစွဲမှု များကို သက်ဆိုင်ရာ က ကြပ်ကြပ် မတ်မတ် ပညာပေး ဆောင်ရွက် သွားသင့် သည်ဟု ရေးသား လိုက်ရ ပါသည်။

#Yadanarpondaily

No comments:

Post a Comment