Pages

Monday, September 29, 2014

မန္တလေး ဓာတ်ပုံအသင်း၏ မင်းကွန်းစံပြအလှမယ် ဓာတ်ပုံပြိုင်ပွဲ ဆုရွေးချယ်ပွဲ ကျင်းပ



မန္တလေး ၊ ၂၉-၉-၂၀၁၄

ဓာတ်ပုံ ဝါသနာရှင်များ ဖွံ့ဖြိုး တိုးတက်ရေး နှင့် မြန်မာ့အလှ သဘာဝ ရှုခင်းများ ကမ္ဘာက သိရှိစေရန် ရည်ရွယ်ချက်ဖြင့် မန္တလေး အခြေစိုက် မန္တလေး ဓာတ်ပုံအသင်းမှ ကြီးမှူးကျင်းပ ခဲ့သော မင်းကွန်း စံပြအလှမယ် ဓာတ်ပုံပြိုင်ပွဲ ကို ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ မင်းကွန်းဒေသ တစ်ဝိုက်တွင် ဓာတ်ပုံ ပညာရှင်များ နှင့် ဓာတ်ပုံ ဝါသနာရှင် အသင်းဝင်များ စုပေါင်း ရိုက်ကူးခဲ့မှုအား ပြိုင်ပွဲဝင်ပုံ ဆုရွေးချယ် ခြင်းကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ရတနာပုံဈေး အပေါ်ထပ် မန္တလေး ဓာတ်ပုံအသင်းရုံး တွင် ကျင်းပရာ အသင်း ဥက္ကဋ္ဌ ဖရန်ကီ ထွန်းတင် နှင့် အမှုဆောင်များ၊ ဆုရွေးချယ်ရေး ဓာတ်ပုံ ပညာရှင်များ နှင့် ပြိုင်ပွဲဝင် အသင်းသားများ တက်ရောက် ကြသည်။

မင်းကွန်းစံပြ အလှမယ် ပြိုင်ပွဲတွင် အကြီးတန်း ပြိုင်ပွဲကို မော်ဒယ် နန္ဒာကိုကို ( Miss ) မှ သရုပ်ဆောင်ပြီး အငယ်တန်း ပြိုင်ပွဲအတွက် မော်ဒယ် ကေသရီစိုး (မြစ်ငယ်)မှ သရုပ်ဆောင် ခဲ့ရာ ပြိုင်ပွဲဓာတ်ပုံ များကို ဓာတ်ပုံပညာရှင် များဖြစ်သော ဦးကျော်ကျော် (ပေါက်ခေါင်း)၊ ဦးစောအောင်မင်း (နယူးအာရှ)၊ ဖရန်ကီ ထွန်းတင်၊ ဦးသိန်းဌေးမောင် (ဆွေလှသိန်း) နှင့် မောင်မောင်ဦး (မန်းတက္ကသိုလ်) တို့မှ လျှို့ဝှက် အမှတ်ပေး စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ အကြီးတန်း ပြိုင်ပွဲတွင် ပထမဆု ကိုဟိန်း(ပလိပ်)၊ ဒုတိယဆု ဖိုးဌေး (လှဂုဏ်ရည်)၊ တတိယဆု သန်းထိုက်စိုး (ခ) ဖိုးခွား နှင့် နှစ်သိမ့်ဆု ၃ ဆုနှင့် အငယ်တန်း ပြိုင်ပွဲတွင် ပထမဆု မော်ဒန် အောင်ထွန်းနိုင်၊ ဒုတိယဆု ဇော်မြင့်ဦး နှင့် တတိယဆု ဟိန်းနိုင်စိုး (System) နှင့် နှစ်သိမ့်ဆု ၃ဆု ရွေးချယ် ခဲ့ကြောင်း သိရသည်။

ပလောင်မိတ်

#Yadanarpondaily

No comments:

Post a Comment