Pages

Friday, September 19, 2014

တောင်ကျရေ ပြင်းထန်စွာ စီးဆင်းခြင်းကြောင့် ရွှေဘို - မြစ်ကြီးနား ရထားလမ်းရှိ တံတားများ ပျက်စီး




နေပြည်တော် ၊ ၁၉-၉-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကသာခရိုင် အတွင်း ယမန်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားပြီး ရွှေဘို - မြစ်ကြီးနား ရထားလမ်း အပိုင်း ပင်ဝယ် နှင့် မော်လူး ဘူတာကြား ရှိ ဂျိုးပင်ချောင်း ၊ ဖားပန့်ချောင်း များသည် တောင်ကျရေများ ပြင်းထန်စွာ စီးဆင်း ခဲ့ခြင်းကြောင့် ရွှေဘို - မြစ်ကြီးနား သွား ရထားလမ်း မိုင်တိုင်အမှတ် ၅၉၇/၁၄ နှင့် ၅၉၇/၁၅ ကြားရှိ တံတားအမှတ် (၄၆၈) ၌ လည်းကောင်း ၊ ပင်ဝယ်ကျေးရွာ အနီးရှိ ရထားသံလမ်း ၌ လည်းကောင်း ၊ ရထားလမ်း မိုင်တိုင်အမှတ် ၅၉၉/၂၂ နှင့် ၅၉၉/၂၃ ကြားရှိ တံတားအမှတ် (၄၇၈) ၌ လည်းကောင်း ကမ်းကပ် အုတ်ခံပေါင်များ ၊ ရထား သံလမ်းအောက် မြေသားများ ရေတိုက်စား ပျက်စီးမှု ဖြစ်ပွား ခဲ့သည်။

အဆိုပါ ရေတိုက်စားမှု ဖြစ်ပွားပြီး ရထား သံလမ်းများ ပျက်စီးခဲ့သည့် နေရာများသို့ တပ်မတော်သား များက လုံခြုံရေး ဆောင်ရွက်ပေးကာ နဘားဘူတာ ရှိ မြန်မာ့ မီးရထား မှ တာဝန်ရှိ သူများက ပြင်ဆင် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment