Pages

Sunday, September 28, 2014

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေး


ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေး 
( World Rabies Day )

လူတို့၏ လူနေမှုစနစ် ပြောင်းလဲ လာသည်နှင့် အမျှ အိမ်တွင် အလှမွေး တိရစ္ဆာန်များ မွေးမြူကြသည့် အလေ့အထ မှာလည်း များပြား လာသည်။ ဤသို့ များပြား လာသည့် အလျောက် ၄င်းတို့နှင့် ဆက်စပ်နေသည့် ရောဂါများ မှာလည်း လူတို့၏ အသက်ဘေး အန္တရာယ်ကို ခြိမ်းခြောက် လာရာ ခွေးရူးရောဂါ သည် လူတို့အတွက် ကြောက်စရာ ကောင်းသော ရောဂါတစ်မျိုး ဖြစ်သည်။

ထို့ကြောင့် လူတိုင်းလူတိုင်း ခွေးရူးရောဂါ သတိပြု လိုက်နာ စေရေးအတွက် စက်တင်ဘာ ၂၈ ရက်ကို ကမ္ဘာ့ ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ ( World Rabies Day ) အဖြစ် သတ်မှတ် ထားသည်။

ထိုနေ့တွင် ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ ( OIE ) နှင့် မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ တွင် ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရန် နှင့် ခွေးရူးရောဂါ ကြောင့် ပျက်စီး ဆုံးရှုံးမှုများ လျော့နည်း စေရန် ကွက်ပြည့် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးခြင်းများကို တိုင်းဒေသကြီး အသီးသီးနှင့် ပြည်နယ် ဒေသများတွင် ဆောင်ရွက် ပေးကြသည်။

ခွေးရူးရောဂါ သည် ကူးစက် တတ်သော ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ရသည်။ အဆိုပါ ရောဂါသည် တိရစ္ဆာန် အချင်းချင်း ကူးစက် နိုင်သကဲ့သို့ တိရစ္ဆာန် များမှလည်း လူကို ကူးစက် နိုင်သည်။ ထို့ကြောင့် ခွေးရူးရောဂါ သည် ခွေးရူးရောဂါပိုး ရှိသည့် ခွေး၊ ကြောင် စသည့် အိမ်မွေး တိရစ္ဆာန် များ အချင်းချင်း သော် လည်းကောင်း၊ လူသို့ လည်းကောင်း အကိုက်ခံ ရလျှင် ကူးစက်မှု ဖြစ်ပွား နိုင်သည်။ အကယ်၍ ကူးစက်ခံ ရပါက (သို့မဟုတ်) ရောဂါရှိ အိမ်မွေး တိရစ္ဆာန် တစ်မျိုးမျိုး အကိုက်ခံ ရပါက ကူးစက်ကာ အသက်အန္တရာယ် ဆုံးရှုံးသည် အထိ ဖြစ်နိုင်သည်။

ခွေးနှင့်ကြောင် အကိုက်ခံ ရပါက လူတို့ အနေဖြင့် ချက်ချင်း ကာကွယ်ဆေး ထိုးသင့်ကြောင်း ပညာရှင်တို့က အသိပေး တိုက်တွန်း ထားသည်။ သို့သော် အချို့သော သူများသည် ကိုက်သည့် ခွေး၊ ကြောင် တို့ကို စောင့်ကြည့် တတ်ကြသည်။ ထိုကဲ့သို့ စောင့်ကြည့်စဉ် ကာလအတွင်း ခွေး (သို့မဟုတ်) ကြောင်သည် ဗိုင်းရပ်စ် ကူးစက်ခံ ရကြောင်း သိရပြီးနောက် အကိုက်ခံ ရသော လူသည် လည်း ဆက်လက် ကူးစက်ခံ ရကြောင်း သိရှိကာ အသက်ဆုံးရှုံး ရသည်အထိ ဖြစ်တတ်သည်။

သို့ဖြစ်ရာ လူတို့ အနေဖြင့် ခွေး (သို့မဟုတ်) ကြောင် အကိုက်ခံ ရပြီဆိုလျှင် အချိန်ဆွဲ စောင့်ဆိုင်း မနေဘဲ အမြန်ဆုံး ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း ပညာရှင် များက အသိပေး ထားပြီး ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးစဉ် ကာလများတွင် ကာကွယ်ဆေးများ ထိုးနှံ ထားသင့် ကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment