Pages

Tuesday, August 26, 2014

ယာဉ်အမှတ် လေးလုံးပူး မည်သည့် အက္ခရာကိုမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ပြီ


ရန်ကုန် ၊ ၁၆-၈-၂၀၁၄

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ယခင် ရောက်ရှိ အက္ခရာမှ အက္ခရာ သုံးခုကျော် အထိ ကြိုက်နှစ်သက်ရာ နံပါတ်များ ကြိုတင် ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ယခင်က ရောက်ရှိ အက္ခရာ၏ အက္ခရာ သုံးခုထက် ကျော်လွန်သော နံပါတ် အလှများ ဝယ်ယူလိုပါက ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်) သို့ စာတင် လျှောက်ထားရပြီး ယခုအခါတွင် မည်သည့် အက္ခရာကို မဆို ကားပိုင်ရှင် စိတ်တိုင်းကျ လွတ်လပ်စွာ ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ လေးလုံးပူး နံပါတ် အလှများမှာ တစ်နေ့ထက် တစ်နေ့ စိတ်ဝင်စားမှု များပြားလျက် ရှိပြီး ဈေးကောင်းများ ရရှိနေသည့် အတွက် ဝယ်ယူသူများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရောက်ရှိ အက္ခရာမှာ 6H တွင်ရှိနေပြီး လေးလုံးပူး အက္ခရာ စံချိန်တင် ရောင်းချမှု အနေဖြင့် 9I/9999 အား ငွေကျပ် ၂၁၂ သိန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။ ရောက်ရှိ အက္ခရာ 6H တွင် 6H/1111 မှာ ဝယ်ယူမည့်သူ မရှိခြင်းကြောင့် ကံစမ်းမဲ နှိုက်၍ ဝယ်ယူရမည့် အစီအစဉ် လုပ်ထားကြောင်း၊ 6H/2222 မှာ ငွေကျပ် ၁ဝ သိန်း၊ 6H/3333 မှာ ငွေကျပ် သိန်း ၂ဝ၊ 6H/5555 မှာ ငွေ ကျပ် ၁၆ သိန်း၊ 6H/7777 မှာ ငွေကျပ် ၂၆ သိန်း၊ 6H/8888 မှာ ငွေကျပ် သိန်း ၅ဝ၊ 6H/9999 မှာ ငွေကျပ် ၇၄ သိန်းဖြင့် အသီးသီး ရောင်းချ ထားပြီး ဖြစ်ကြောင်း သိရသည်။

9H/7777 မှာ ငွေကျပ် ၆၈ သိန်း၊ 9H/8888 မှာ ငွေကျပ် ၇၄ သိန်း၊ 9H/9999 မှာ ငွေကျပ်သိန်း ၁ဝဝ ဖြင့် အသီးသီး ကြိုတင် နံပါတ်များ အနေဖြင့် ရောင်းချထားပြီး ဖြစ်ကြောင်း သိရသည်။ နံပါတ်အလှ လေးလုံးပူး များမှာ တစ်စတစ်စ ဈေးကောင်း ပေး၍ ဝယ်ယူလျက် ရှိပြီး ကားပိုင်ရှင်များ အကြား စိတ်ဝင်စားမှု မြင့်တက်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment