Pages

Tuesday, July 1, 2014

မြန်မာ့သနပ်ခါးကို ဂျပန်နိုင်ငံ၌ Patent (မူပိုင်ခွင့်) တင်ခြင်းကို ပယ်ဖျက်နိုင်ခဲ့


မန္တလေး ၊ ၁-၇-၂၀၁၄

၂၀၁၀ ပြည့်နှစ်တွင် အမည်မသိ လုပ်ငန်းတစ်ခု မှ မြန်မာ့ သနပ်ခါးကို ဂျပန်နိုင်ငံ ၌ Patent (မူပိုင်ခွင့်) လျှောက်ထားခြင်း ကို လူသုံးကုန် ၊ ဆေးဝါး နှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ် သူများအသင်း (မန္တလေး) မှ သိရှိကာ အဆိုပါ Patent (မူပိုင်ခွင့်) တင်ခြင်းသည် မြန်မာနိုင်ငံမှ ထုတ်လုပ်သော သနပ်ခါး အခြေခံ အလှကုန် ထုတ်လုပ် သူများကို ထိခိုက်မှု ရှိသည့်အတွက် ကန့်ကွက်ခဲ့ရာ ပယ်ချက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လူသုံးကုန် ၊ ဆေးဝါး နှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ်သူများ အသင်းသည် ဂျပန်နိုင်ငံ ၌ မြန်မာ့ သနပ်ခါးကို Patent (မူပိုင်ခွင့်) တင်ခြင်း ကန့်ကွက်မှုကို သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီးရုံး ၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၊ ကူးသန်း ရောင်းဝယ်ရေး နှင့် စားသုံးသူ ရေးရာ ဦးစီးဌာန တို့၏ ကူညီ ဖြေရှင်း ဆောင်ရွက် ပေးမှုဖြင့် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" မြန်မာ့ သနပ်ခါး က မြန်မာ့ ပင်ရင်းထွက် ပစ္စည်းဖြစ်ပြီး မြန်မာ့ Traditional အလှကုန် ပစ္စည်း ဖြစ်ပါတယ် ၊ မြန်မာ တစ်မျိုးသားလုံး နဲ့ သက်ဆိုင် ပါတယ် ၊ ဂျပန် Patent (မူပိုင်ခွင့်) မှာ ၀င်သွားရင် ကျွန်တော်တို့ နိုင်ငံက ထုတ်လုပ်ပြီး ပြည်ပကို တင်ရင် မူပိုင်ခွင့် ပေးဆောင် ရတော့မှာပါ ၊ ဒါ့ကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က MRCCI ရုံးမှာလုပတဲ့ IP FORM တစ်ခုမှာ သနပ်ခါးကို Traditional Cosmetic အနေနဲ့ ဂျပန်နိုင်ငံ မှာ Patent (မူပိုင်ခွင့်) တင်ထား တာကို မြန်မာနိုင်ငံက သနပ်ခါး အခြေခံ ပစ္စည်း ထုတ်လုပ်သူတွေ နစ်နာတာရယ် ၊ မြန်မာ့ ပင်ရင်းထွက် မြန်မာ့ Traditional အလှကုန် ဖြစ်တာရယ် ၊ မြန်မာ တစ်မျိုးသားလုံး နဲ့ဆိုင်တဲ့ အမျိုးသားရေး ကိစ္စ ဖြစ်တာရယ်ကြောင့် ကန့်ကွက်မှုကို ၀န်ကြီးဌာန တွေရဲ့ ဖြေရှင်း ဆောင်ရွက်မှုနဲ့ အတူ ကန့်ကွက် ခဲ့တာပါ ၊ အခု ဂျပန် Patent (မူပိုင်ခွင့်) ပျက်ပြယ် သွားပါပြီ ... " ဟု လူသုံးကုန် ၊ ဆေးဝါး နှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ် သူများအသင်း မှ ပြန်ကြားရေး တာဝန်ခံ ဦးအောင်ကျော်စိုး က ပြောကြား ခဲ့သည်။

မြန်မာ့သနပ်ခါး ကို ဂျပန်နိုင်ငံ၌ Patent (မူပိုင်ခွင့်) လျှောက်ထား ခြင်းကို အထိရောက်ဆုံး သနပ်ခါး ပေါင်ဒါ ပြုလုပ်နည်း ကို မူပိုင်ခွင့် လျှောက်ထား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူပိုင်ခွင့် ကို ၂၀၁၀ ပြည့်နှစ်က လျှောက်ထား ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်က ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရသည်။

သို့သော် ဂျပန် တီထွင်မှု မူပိုင်ခွင့် ဥပဒေအရ ၃ နှစ်အတွင်း တီထွင်မှု စစ်ဆေးပေးရန် လျှောက်ထားခြင်း မရှိပါက မူပိုင်ခွင့် သည် ပျက်ပြယ်ကြောင်း ၊ မူပိုင်ခွင့် လျှောက်ထား သူသည် တီထွင်မှု မူပိုင်ခွင့် ကို စစ်ဆေး ပေးရန် လျှောက်ထားခြင်း မရှိကြောင်း သိရှိရသည်။

ယောသူလေး

#Themyawadydaily

No comments:

Post a Comment