Pages

Thursday, July 10, 2014

ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူရန် မြေငှားရမ်းခ တစ်နှစ်စာ တစ်ခါတည်း ပေးချေငှားရမ်း


ရမည်းသင်း ၊ ၁၀-၇-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ် အတွင်းတွင် ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူရန် အတွက် ကုမ္ပဏီသို့ မြေငှားကြ သူများ တစ်နှစ်စာ တစ်ခါတည်း ပေးချေ ငှားရမ်းကြကြောင်း သိရသည်။

နိုင်ငံတော်အတွင်း ဆက်သွယ်ရေး လုပ်ငန်း ဝန်ဆောင်မှု ပြုလုပ်ရန် အတွက် တင်ဒါအောင် ကုမ္ပဏီများက ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူရန် သင့်လျှော်သော မြေနေရာ များကို စိစစ် ရွေးချယ်၍ မြေပိုင်သူ များထံမှ ငှားရမ်းကြခြင်း ဖြစ်သည်။

မြေငှားရမ်းခမှာ တစ်လလျှင် ငွေကျပ် နှစ်သိန်းဖြစ်ပြီး တစ်နှစ်စာ ငွေကျပ် ၂၄ သိန်းကို တစ်ခါတည်း ပေးချေသည်။ ငါးနှစ်တစ်ကြိမ် ကုမ္ပဏီမှ ငှားရမ်းခ ကို ၅ ရာခိုင်နှုန်း တိုးပေးမည်ဟု သိရပြီး ၁၅ နှစ်တာ ကာလ စာချုပ်ချုပ်မည် ဖြစ်ကာ မြေပိုင်ရှင် ထံမှ ပေ ၅ဝ ပတ်လည် အကျယ်အဝန်း ငှားရမ်းခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ် အတွင်းတွင် စိုက်ထူသော တာဝါတိုင် များမှာ ပုံစံတူညီမှု ရှိသည်ဟု သိရပြီး တချို့ တာဝါတိုင်များ အတွက် ပေ ၁ဝဝ ပတ်လည် အကျယ်အဝန်း ငှားရမ်းပြီး တစ်လလျှင် ငွေကျပ် နှစ်သိန်းခွဲ ဖြစ်ကာ တစ်နှစ်စာ အတွက် ငွေကျပ် သိန်း ၃ဝ တစ်ခါတည်း ပေးချေကြောင်း သိရှိရသည်။
(၁၆၉)

#Yadanarpondaily

No comments:

Post a Comment