Pages

Thursday, July 3, 2014

မြန်မာအမျိုးသမီးထု တစ်ရပ်လုံး ပူးပေါင်းပါဝင်


မြန်မာအမျိုးသမီးထု တစ်ရပ်လုံး ပူးပေါင်းပါဝင်

နှစ်စဉ် ဇူလိုင်လ ၃ရက်နေ့ကို '' မြန်မာ အမျိုးသမီးများနေ့ '' အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြန်မာ အမျိုးသမီးများ ကဏ္ဍစုံတွင် နိုင်ငံတကာ နှင့် ရင်ပေါင်တန်းကာ လျှောက်လှမ်း နိုင်စေရန် ဂုဏ်ပြု သတ်မှတ် ထားသောနေ့ တစ်နေ့ ဖြစ်သည်။ ထို့နေ့ ကျရောက်တိုင်း မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား များကို စည်ကား သိုက်မြိုက်စွာ ကျင်းပ ကြသည်။

၁၉၉၆ ခုနှစ်မှစ၍ မြန်မာ အမျိုးသမီး များ၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကောင် အထည်ဖော် ဆောင်ရွက်ရန် အမျိုးသားအဆင့် ယန္တရားအဖြစ် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီ ကို ဖွဲ့စည်းခဲ့သောနေ့ ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်၏ ရည်မှန်းချက် သည် မြန်မာ အမျိုးသမီး များ၏ဘဝ လုံခြုံမှု နှင့် ဖွံ့ဖြိုး တိုးတက်မှုကို အလေးထား ဦးတည် ဆောင်ရွက်ခြင်း ဖြင့် မြန်မာ အမျိုးသမီး များ၏ အခန်း ကဏ္ဍကို မြှင့်တင် ပေးရန် ဖြစ်သည်။ ရည်မှန်းချက် ပြည့်စေရန် အတွက် မြန်မာ အမျိုးသမီးထု တစ်ရပ်လုံး၏ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်သဖြင့် အဖွဲ့ချုပ်၏ ဆောင်ပုဒ်ကို ''အမျိုးသမီးများ ဘဝ ဖွံ့ဖြိုးဖို့၊ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်စို့ ''ဟု သတ်မှတ် ခဲ့သည်။

ထို့ပြင် အစိုးရ မဟုတ်သောအဖွဲ့အစည်း တစ်ရပ် အနေဖြင့် တစ်နိုင်ငံလုံးရှိ လူတန်းစား အလွှာ အသီးသီးမှ အမျိုးသမီးများ အဖွဲ့ဝင် အဖြစ် ဝင်ရောက် နိုင်ရန် အမျိုးသမီး ရေးရာအဖွဲ့ များကိုလည်း တိုင်းဒေသကြီး နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ကျေးလက်၊ ကျေးရွာများ အထိ ဖွဲ့စည်း ထားသည်။

မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်သည် ကုလသမဂ္ဂ၏ အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ကွန်ဗင်းရှင်း နှင့်အညီ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီက ရည်ရွယ်ချက် (၇)ရပ် ချမှတ်ကာ အမျိုးသမီးများ ဘဝ ဖွံ့ဖြိုး တိုးတက်ရေး နှင့် လုံခြုံရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ် များမှာ အမျိုးသမီး များအား အကြမ်းဖက် မှုမှ ကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး၊ ပြုစု ပျိုးထောင်ရေး နှင့် ပြန်လည် နေရာချ ထားရေး၊ အမျိုးသမီးငယ် များ၏ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု လုပ်ငန်း၊ လူနေမှုဘဝ မြှင့်တင်ရေး၊ တိုင်းရင်းသား ရေးရာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ဥပဒေရေးရာ ဆိုင်ရာ စသည်တို့ ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်သည် အမျိုးသမီးများ ဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများမှာ ထောင်စုနှစ် ရည်မှန်းချက် တွင် တစ်ခု အပါအဝင် ဖြစ်သော ဆင်းရဲမှု ပပျောက်ရေးကို အထောက်အကူ ပြုစေရန် အသေးစား ချေးငွေလုပ်ငန်း ကို တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ ဆင်းရဲသော အမျိုးသမီး များအား ချေးငှားခြင်း၊ ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ် ပေးခြင်းနှင့် အလုပ်အကိုင် ရှာဖွေပေးခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိသည်။

သို့ဖြစ်ရာ အမျိုးသမီးများ ဘဝ ဖွံ့ဖြိုး တိုးတက် စေရန်အတွက် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်က ချမှတ် ထားသော ရည်ရွယ်ချက် (၇)ရပ်၊ အသိပညာပေး လုပ်ငန်း အစီအစဉ်၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း လုပ်ငန်း အစီအစဉ်၊ ပံ့ပိုး ဝန်ဆောင်မှု ပေးခြင်း လုပ်ငန်း အစီအစဉ် စသည့် လုပ်ငန်း အစီအစဉ် (၃)ရပ်တို့ဖြင့် မြန်မာ အမျိုးသမီးထု တစ်ရပ်လုံးက ပူးပေါင်း ပါဝင် ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment