Pages

Thursday, July 3, 2014

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၌လူအုပ်စုအချို့ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်ခဲ့



နေပြည်တော် ၊ ၃-၇-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ်၌ ယမန်နေ့ ညပိုင်းမှ စ၍ လူအုပ်စု အချို့ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပေါ်ခဲ့ သဖြင့် လုံခြုံရေး အဖွဲ့က လူစုခွဲခဲ့ရပြီး ယခုအခါ အဆိုပါ နေရာများ၌ လုံခြုံရေး ဆောင်ရွက် ထားကြောင်း သိရှိ ရသည်။

နေပြည်တော် ပျဉ်းမနား ရဲတပ်ဖွဲ့က(ပ)၂၉၃/ ၂ဝ၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ထားသော ပြစ်မှု ကျူးလွန်သူ နေဝင်း ပိုင်ဆိုင်သည့် ၂၇ လမ်း နှင့် ၈၂ လမ်းထောင့်ရှိ ''ဆန်း '' ကဖေး လက်ဖက်ရည် ဆိုင်၌ ဇူလိုင် ၁ ရက် ည ၇ နာရီခွဲ ခန့်တွင် လူစုလူဝေးများ ဖြစ်ပေါ် ခဲ့သဖြင့် လုံခြုံရေး အဖွဲ့က ဝိုင်းဝန်း ထိန်းသိမ်းခဲ့ရာ ညဥ့်ဦးပိုင်းတွင် လူစုကွဲ သွားခဲ့သည်။

ထို့နောက် ည ၁ဝ နာရီခွဲခန့် တွင် ယင်း လက်ဖက်ရည်ဆိုင် အနီး၌ လူအင်အား ပြန်လည် များပြားလာ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိ ထိန်းသိမ်း ခဲ့သော်လည်း ၂၆ လမ်းနှင့် ၈၆ လမ်းထောင့်တွင် လူအင်အား ပိုမိုများပြား လာပြီး အုတ်ခဲကျိုး၊ ပုလင်းခွံ များဖြင့် လမ်းဘေး နေအိမ် ဝင်းထရံ များအား ပစ်ပေါက်ကြ သဖြင့် လုံခြုံရေး တပ်ဖွဲ့က အတားအဆီး များချ၍ ထိန်းသိမ်း ပိတ်ဆို့ခြင်း၊ အဓိကရုဏ်း ထိန်းသိမ်းရေး သုံး ရော်ဘာကျည် သုံးချက် ပစ်ဖောက်၍ လူစုခွဲ ခြင်းတို့ကို ပြုလုပ်ခဲ့ရသည်။

ည ၁၁ နာရီခွဲခန့် တွင် ၂၆ လမ်းနှင့် ၈၃ လမ်းထောင့်၌ လူအုပ်စု များက နေအိမ် အချို့အား ခဲဖြင့် ပစ်ပေါက်ပြီး လမ်းဘေးရပ် ထားသော မော်တော်ယာဉ် သုံးစီးအား ကားမှန် ထုခွဲသဖြင့် လုံခြုံရေးအဖွဲ့ က ထိန်းသိမ်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇူလိုင် ၂ ရက် နံနက် ၂ နာရီခန့် တွင် လူအင်အား ၄၅ဝ ခန့်က ၈၃ လမ်းနှင့် ၈၄ လမ်းကြားတွင် တုတ်၊ ဓားများ ကိုင်ဆောင်၍ အော်ဟစ် ဆူပူနေ သဖြင့် လုံခြုံရေးအဖွဲ့ က ထိန်းသိမ်း လူစုခွဲခဲ့ ရသကဲ့သို့ နံနက် ၃ နာရီခန့် တွင် ၂၆ လမ်း၊ ၈၃ နှင့် ၈၈ လမ်းကြားတွင် ရပ် ထားသော ဟိုင်းလပ်စ် မော်တော်ယာဉ် တစ်စီးအား မီးရှို့မှုကြောင့် မီးသတ်ယာဉ် များဖြင့် မီးငြှိမ်းသတ် ခဲ့ရကြောင်း၊ ယခုအခါ အဆိုပါ နေရာများ၌ လုံခြုံရေး တပ်ဖွဲ့က နေရာ ဖြန့်ခွဲပြီး လုံခြုံရေး ရယူ ထိန်းသိမ်း ထားကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment