Pages

Thursday, July 24, 2014

ဘဏ်တချို့က အတိုးနှုန်း မြင့်ပေးသော်လည်း ငွေကြေး ဖောင်းပွမှုနှုန်းကြောင့် ထိရောက်မှုမရှိ


ရန်ကုန် ၊ ၂၄-၇-၂၀၁၄

ပြည်တွင်းဘဏ် တချို့က ဘဏ်အပ်ငွေ အပေါ် အတိုးနှုန်း တိုးမြှင့်ပေးခဲ့ သော်လည်း ငွေကြေး ဖောင်းပွမှုနှုန်း ကြောင့် ထိရောက်မှု မရှိဟု သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။

ပြည်တွင်း ဘဏ်များ ဖြစ်သော သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ် နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တို့က ၄င်းတို့၏ ငွေစုဘဏ် အပ်ငွေ အတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့် ပေးခဲ့ပြီး အချိန်ပိုင်း အပ်ငွေ အတိုးနှုန်းကို ကာလ အပိုင်းအခြား ပေါ်မူတည်၍ ၈ ဒသမ ၂၅ ရာခိုင်နှုန်းမ ၁ဝ ရာခိုင်နှုန်း အထိ တိုးမြှင့်ခဲ့သည်။

အဆိုပါ ဘဏ်များက အပ်ငွေများ အပေါ် သုည ဒသမ၂၅ ရာခိုင်နှုန်း မှ သုည ဒသမ ၅ဝ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှု နှုန်းသည် ယခုနှစ်တွင် ပျမ်းမျှ ခုနစ် ရာခိုင်နှုန်း ခန့် ရှိနေသည်။ ငွေကြေး ဖောင်းပွမှုနှုန်း များကြောင့် ငွေစုဘဏ် အပ်ငွေများ၏ အမှန်အတိုး နှုန်းသည် ၁ ဒသမ ၂၅ ရာခိုင်နှုန်း ခန့်သာ ရှိပြီး အချိန်ပိုင်း အပ်ငွေ များ၏ အမှန် အတိုးနှုန်း သည် ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၇၅ ရာခိုင်နှုန်း ကြားတွင်သာ ရှိနေသည်။

ပြည်တွင်းဘဏ် များ၏ ဝင်ငွေ ရရှိမှုကို ချေးငွေ ထုတ်ချေးမှုမှ အဓိက ရရှိနေခြင်း ဖြစ်ပြီး လက်ရှိ ချေးငွေ အတိုးနှုန်းသည် အပြောင်းအလဲ မရှိဘဲ ၁၃ ရာခိုင်နှုန်းသာ ဖြစ်သည်။ ယခု ပြည်တွင်း ဘဏ်များ ဘဏ်တိုးနှုန်း အနည်းငယ် တိုးမြှင့် ခြင်းသည် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ် ထားသော အပ်ငွေ အတိုးနှုန်း ၈ ရာခိုင်နှုန်း ထက် မလျော့စေသော နှုန်းနှင့် ချေးငွေ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ထက် မကျော်လွန် စေသော နှုန်းဘောင် အတွင်းမှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment