Pages

Thursday, July 24, 2014

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်အိမ်ခြေ ၂၆၀၀၀ ကျော်ရှိပြီး လှိုင်သာယာမြို့နယ် တွင် အများဆုံးရှိနိုင်


ရန်ကုန် ၊ ၂၄-၇-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျူးကျော် အိမ်ခြေ နှစ်သောင်း ခြောက်ထောင် ကျော်ရှိပြီး လှိုင်သာယာ မြို့နယ်တွင် အများဆုံး ရှိနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ထို့ကြောင့် လှိုင်သာယာ မြို့နယ်ရှိ ကျူးကျော် အိမ်များနှင့် ပတ်သက် ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့ ပူးပေါင်း ဖြေရှင်း ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထို့အတွက် လှိုင်သာယာ မြို့နယ်မှ ကျူးကျော် အိမ်ရာများ ကိစ္စကို ဖြေရှင်းပေးရန် အတွက် နေထိုင်ရေး အခက်အခဲ ရှိနေသည့် ဝင်ငွေနည်း ဝန်ထမ်းများ၊ ဝင်ငွေနည်း ပြည်သူများ အတွက် တန်ဖိုးနည်း အိမ်ရာများကို နိုင်ငံတော်မှ ဆောက်လုပ် ပေးရန် အစီအစဉ် ရှိကြောင်းလည်း သိရသည်။

ထို့အတွက် ငွေကျပ် သိန်းတစ်ရာ အောက် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ် နိုင်ရန် ပြည်ထောင်စု အစိုးရသို့ တင်ပြ ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့် က ပြောသည်။ လက်ရှိ အခြေအနေ တွင် တန်ဖိုးနည်း အိမ်ရာများ ဝယ်ယူနိုင်စွမ်း မရှိသေးသည့် ဝင်ငွေနည်း နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၊ ဝင်ငွေနည်း ပြည်သူများ အတွက် အငှားအိမ်ရာ များကို နိုင်ငံတော် အစိုးရ၏ မူဝါဒနှင့် အညီ မြို့ပြ စီမံကိန်းအရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းလျက် ရှိပြီး ပြည်ထောင်စု အစိုးရ ဘဏ္ဍာငွေ ခွင့်ပြုမှုနှင့် အိမ်ရာ ဆောက်လုပ်ရန် မြေနေရာ ရရှိမှု အပေါ် မူတည်ကာ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များ နှင့် ပူးပေါင်း ဆောင်ရွက်မှု တို့အပေါ် မူတည်ပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တန်ဖိုးနည်း တိုက်ခန်း များအား ကျပ်သိန်း ၁ဝဝ အောက် ရောက်ရှိ စေရေး ပြည်ထောင်စု အစိုးရသို့ တင်ပြ ဆောင်ရွက် သွားမည် ဟုလည်း သိရှိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment