Pages

Wednesday, July 2, 2014

ခဲယမ်းနှင့် ဗုံးသီးအဟောင်းများ တွေ့ရှိ



နေပြည်တော် ၊ ၂-၇-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် ရွာကြီးကျေးရွာ နေ ဦးဖိုးကြွယ် သည် ဇွန် ၂၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ရွာ၏ တောင်ဘက် ကိုက် ၂ဝဝ ခန့်အကွာရှိ ၄င်း၏ လယ်ကွက်အတွင်း လယ်ထွန်စဉ် မြေစာခဲများ အကြားမှ အလျား ၄ လက်မ၊ အချင်း ၂ လက်မ၊ လုံးပတ် ၆ လက်မခန့်ရှိ သံချေး တက်နေသော လက်ပစ်ဗုံးဟောင်း တစ်လုံးအား တွေ့ရှိခဲ့သည်။

အလားတူ ရမည်းသင်း မြို့နယ် ကျွဲတပ်ကျေးရွာ နေ ဦးကျော်စွာ သည် ဇွန် ၂၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ၄င်း၏ နေအိမ်ခြံဝင်း အတွင်း ရေမြောင်း တူးဖော်စဉ် မြေအနက် ၁ ပေခန့် အရောက်တွင် သံချေးတက် နေသော ပွိုင့်-၃၃ဝ ကျည်ဆန် ၂၅၄ တောင့်နှင့် ကျည် အပိုင်းအစ ၉ဝ ခုတို့အား မြေအိုးနှင့် ထည့်လျက်တွေ့ရှိခဲ့သည်။

ထို့အတူ မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် မိုးကောင်းကျေးရွာ နေ မထက်ထက် (ခ) မစန္ဒာမိုး သည် ဇွန် ၃ဝ ရက် နံနက် ၁ဝ နာရီခန့်တွင် ရွာ၏ မြောက်ဘက် ၁ မိုင် ၄ ဖာလုံခန့် အကွာ မိုင်တိုင်အမှတ်၊ ၂၂၈/၂ နှင့် တံတားအမှတ်၊ ၂၉၉/၃ အောက်တွင် ထင်းခွေစဉ် အလျား ၁၉ လက်မ၊ အချင်း ၂ လက်မခန့်ရှိ ဗုံးသီးထိပ်ဖူး အဟောင်း ခြောက်လုံးအား တွေ့ရှိခဲ့သည်။

အဆိုပါ ခဲယမ်းနှင့် ဗုံးသီးဟောင်းများ အား သက်ဆိုင်ရာ စစ်မြေပြင် အင်ဂျင်နီယာ တပ်များတွင် အပ်နှံထားပြီး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment