Pages

Wednesday, July 2, 2014

၂၀၁၄ - ၂၀၁၅ ခုနှစ်ဧပြီလမှ မေလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန် ၊ သွင်းကုန် အခြေအနေ


နေပြည်တော် ၊ ၂-၇-၂၀၁၄

၂ဝ၁၄-၂ဝ၁၅ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၄၈ ဒသမ ၃၂ သန်း၊ နယ်စပ်ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ဝ၃ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၁ဝဝ၃ ဒသမ ၃၅ သန်း ဖြစ်ပြီး ပုံမှန် သွင်းကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၁၁၂၄ ဒသမ ၁၂ သန်း၊ နယ်စပ် သွင်းကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၁၈၇ ဒသမ ၁ဝ သန်းနှင့် စုစုပေါင်း သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၃၁၁ ဒသမ ၂၂ သန်း ဖြစ်သဖြင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် မေလ အတွက် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၃ဝ၇ ဒသမ ၈၇ သန်း ဖြစ်ပေါ် ခဲ့သည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဧပြီလမှ မေလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၁၂၇၆ ဒသမ ၈၂ သန်း၊ နယ်စပ် ပို့ကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၂၆၃ ဒသမ ၁၇ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၁၅၃၉ ဒသမ ၉၉ သန်းဖြစ်ပြီး ပုံမှန် သွင်းကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၂၁၆၃ ဒသမ ၈ဝ သန်း၊ နယ်စပ် သွင်းကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၃၂၃ ဒသမ ၇၆ သန်းနှင့် စုစုပေါင်း သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၄၈၇ ဒသမ ၅၆ သန်း ဖြစ်သဖြင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဧပြီလမှ မေလအတွင်း စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၉၄၇ ဒသမ ၅၇ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှ လစဉ် တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာ အရ သိရသည်။

#Themyawadydaily

No comments:

Post a Comment